ဖေဖော်ဝါရီ-၁၊၂၀၂၆။တေဇ/People’s Spring
စစ်အာဏာသိမ်းမှု (၅)နှစ်ပြည့် လှုပ်ရှားမှုအနေနဲ့ ထိုင်ဝမ်ရောက် မြန်မာတွေက စစ်တပ် အာဏာသိမ်းဖြစ်စဉ်ကို သတိရဖို့နဲ့ ထိုင်ဝမ် အစိုးရအနေနဲ့ မြန်မာပြည်က ခိုလှုံခွင့်ရှာဖွေသူတွေကို လက်တွေ့ကျကျကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို Taiwan Alliance for Myanmar (TAM)အဖွဲ့ကဦးဆောင်ပြီး ထိုင်ဝမ်ရောက် မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

စစ်အာဏာသိမ်းဖြစ်စဉ်ကို သရုပ်ပြတင်ဆက်မှုမှာ မင်းအောင်လှိုင်ပုံစံမျက်နှာဖုံးစွပ်ထားတဲ့သူကပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက်နှိပ်စက်တာကြောင့် ထိုင်ဝမ်ကိုထွက်ပြေးတိမ်းရှောင်သူများပြားတာကို ပြသထားပါတယ်။

Public Service Announcement

” လူ့အခွင့်အရေးဖြင့် တည်ဆောက်ထားသောနိုင်ငံ” နှင့် “Taiwan Can Help!” ဟူသော စာတန်းများကပ်ထားသည့် ထိုင်ဝမ်အစိုးရကိုယ်စားပြု စေတနာ့ဝန်ထမ်းများက ခိုလှုံခွင့်လျှောက်ထားလွှာများကို လက်ခံရရှိသော်လည်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် “ဘောလီဘောပုတ်” (တာဝန်လွှဲချခြင်း) သကဲ့သို့ စာရွက်များကို လွှဲပြောင်းနေကြသဖြင့် ခိုလှုံခွင့်ရှာဖွေသူများမှာ လက်တွေ့အကူအညီမရဘဲ ဖြစ်နေကြရသည်။” လို့ ခိုလှုံခွင့်ရှာသူတွေ ကြုံရတဲ့ အခက်အခဲကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။
ဒါကြောင့် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မြန်မာပြည်သူတွေကို ထိုင်ဝမ်အစိုးရအနေနဲ့ “Taiwan Can Help” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြန်မာ့ဒီမိုကရေစီကို ထောက်ခံကြောင်း လက်တွေ့ပြဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – CJ


















































