Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်မှာ စစ်အာဏာသိမ်း (၅)နှစ်ပြည့် လှုပ်ရှားမှုတွေ ပြုလုပ်

ဖေဖော်ဝါရီ ၁၊၂၀၂၆။သုည/People’s Spring

ပြင်သစ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်အာဏာသိမ်း (၅)နှစ်ပြည့် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁) မှာ ပြုလုပ်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ပါရီနဲ့ မာဆေးလ်မြို့တိို့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ ဝမ်းနည်းဖွယ်နေ့ရက်တွေမှာ မြန်မာပြည်သူတွေနဲ့အတူ တစိတ်တဝမ်းတည်း ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့၅နှစ်ကြာကာလအတွင်း အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ ဂုဏ်ရည်နဲ့ တော်လှန်ရေးကို ပြင်းပြစွာ ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ရောက် မြန်မာတွေကလည်းစစ်အာဏာသိမ်းမှု (၅)နှစ်ပြည့် လှုပ်ရှားမှုအနေနဲ့ စစ်တပ်အာဏာသိမ်းဖြစ်စဉ်ကို သတိရဖို့နဲ့ ထိုင်ဝမ် အစိုးရအနေနဲ့ မြန်မာပြည်က ခိုလှုံခွင့်ရှာဖွေသူတွေကို လက်တွေ့ကျကျကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို Taiwan Alliance for Myanmar(TAM)အဖွဲ့ကဦးဆောင်ပြီး ထိုင်ဝမ်ရောက် မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

စစ်အာဏာသိမ်းဖြစ်စဉ်ကို သရုပ်ပြတင်ဆက်မှုမှာ မင်းအောင်လှိုင်ပုံစံမျက်နှာဖုံးစွပ်ထားတဲ့သူကပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက်နှိပ်စက်တာကြောင့် ထိုင်ဝမ်ကိုထွက်ပြေးတိမ်းရှောင်သူများပြားတာကို ပြသထားပါတယ်။

“လူ့အခွင့်အရေးဖြင့် တည်ဆောက်ထားသောနိုင်ငံ” နဲ့ “Taiwan Can Help!” ဟူသော စာတန်းများကပ်ထားသည့် ထိုင်ဝမ်အစိုးရကိုယ်စားပြု စေတနာ့ဝန်ထမ်းများက ခိုလှုံခွင့်လျှောက်ထားလွှာများကို လက်ခံရရှိသော်လည်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် “ဘောလီဘောပုတ်” (တာဝန်လွှဲချခြင်း) သကဲ့သို့ စာရွက်များကို လွှဲပြောင်းနေကြသဖြင့် ခိုလှုံခွင့်ရှာဖွေသူများမှာ လက်တွေ့အကူအညီမရဘဲ ဖြစ်နေကြရသည်။”လို့ခိုလှုံခွင့်ရှာသူတွေ ကြုံရတဲ့ အခက်အခဲကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာလည်း ကိုရီးယားလူမျိုးတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပြီး စစ်အာဏာသိမ်းတာ ၅ နှစ်မြောက်အဖြစ် အာဏာသိမ်း စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အဖွဲ့အစည်းအသီးသီးက အာဏာသိမ်း ၅ နှစ်ပြည့်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

တိုကျိုမြို့ ဂိုတင်းဒ Gotanda ပန်းခြံကနေ ရှီနဂဝ ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးရှေ့အထိချီတက်ဆန္ဒပြခဲ့ကြပြီးနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့၊ လေယာဉ်နဲ့ ဆေးရုံ စာသင်ကျောင်းတွေကို ဗုံးကြဲသတ်ဖြတ်နေမှု ချက်ချင်းရပ်တန့်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်အပ်နှံဖို့ စတာတွေ တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ