Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကာကွယ်နိုင်ရေးအပါအဝင် ကလေးတွေရဲ့အနာဂတ်ကာကွယ်ရေးအစီအမံတွေ ပူးပေါင်း လုပ်ဆောင်ဖို့ နိုင်ငံတကာကို NUG တောင်းဆို

စာသင်ကျောင်းတွေ တိုက်ခိုက်တာ၊စစ်ရေး အရအသုံးပြုတာတွေ လုပ်ဆောင်ပြီး နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်နိုင်ရေး အပါအဝင် ကလေးတွေရဲ့ အနာဂိတ် ကာကွယ်ရေး အစီအမံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ နိုင်ငံတကာကို အထူးတိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၂ရက် ညနေပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ - Naw Tu Awng

ဖေဖော်ဝါရီ-၄၊ ၂၀၂၆။ ဆန်အောင်/People’s Spring

စာသင်ကျောင်းတွေ တိုက်ခိုက်တာ၊စစ်ရေး အရအသုံးပြုတာတွေ လုပ်ဆောင်ပြီး နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်နိုင်ရေး အပါအဝင် ကလေးတွေရဲ့ အနာဂိတ် ကာကွယ်ရေး အစီအမံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ နိုင်ငံတကာကို အထူးတိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကား ပြောကြားမှု အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ စာသင်ကျောင်းတွေကို တိုက်ခိုက်တာနဲ့ စစ်ရေးအရ အသုံးပြုတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၊ ဂျီနီဗာကွန်ဗန်းရှင်း၊ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ၊လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အရ တားမြစ်ထားတာတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေး (၅)နှစ်တာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုပြီး ပြင်းထန်လာပြီး အရပ်သားတွေကို လူသားဒိုင်းအဖြစ် ပိုမိုအသုံးပြု စစ်ကြောင်းထိုးနေကြောင်း ပြောပါတယ်။

“ရွာတွေကို မီးရှို့ရုံတင်မကဘဲ ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေတွင်း ရေကန်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုပါ စနစ်တကျ ဖျက်ဆီးပြီး လူနေထိုင်လို့ မရအောင်ထိ လုပ်လာကြတာ တွေ့ရပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

(၅)နှစ်အတွင်း စစ်ကောင်စီက အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၅၀၁မှု ရှိခဲ့ပြီး ပြည်သူ ၅၁၈၈ ဦး သေဆုံးခဲ့ကြောင်း ပြောပြပြီး အဲဒီလို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ်မှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒ့ါအပြင် စစ်ကောင်စီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဖို့လည်း ဦးနေဘုန်းလတ်က နိုင်ငံတကာကိုတိုက်တွန်းပါတယ်။

“စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကိုသာ နိုင်ငံတကာက အသိအမှတ်ပြုလိုက်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ လုံး၀ဆန့်ကျင်ဖီလာဖြစ်နေမှာ ဖြစ်သလို မြန်မာပြည်သူတွေတင် မကဘဲ ဒေသတွင်းကိုပါ ခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေဟာ စစ်တပ်ရဲ့ အကာအကွယ်အောက်မှာ ပိုပြီးတော့ဆိုးရွားလာမှာဖြစ်ပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG အနေနဲ့ နိုင်ငံရေးအရ ပိုမိုအားကောင်းတဲ့ စုဖွဲ့ဦးဆောင်မှုနဲ့ စစ်ရေးအရ ပိုမိုစုစည်းတဲ့ ကွပ်ကဲမှုတွေကို တည်ဆောက်ပြီး နွေဦးတော်လှန်ရေး အောင်မြင်အဆုံးသတ်တဲ့အထိ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကတိပြုကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

PDFနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေဟာ တနိုင်ငံလုံးက စစ်မျက်နှာ အသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို အောင်မြင်စွာ ထိုးနှက်တိုက်ခိုက်နေပြီး နယ်မြေစိုးမိုးမှုကို စနစ်တကျ တိုးချဲ့လျက်ရှိတယ်လို့လည်း အသိပေးပါတယ်။ ၂၀၂၅ ဒီဇင်ဘာလကုန်အထိ တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို တော်လှန်ရေးအင်အားစုတွေက အပြည့်အ၀ သိမ်းပိုက်ထားနိုင်ပြီး နောက်ထပ်မြို့နယ် ၄၁ခုကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။