Connect with us

Hi, what are you looking for?

သတင်း

လားရှိူးမြို့ပေါ်ရှော့တိုက်ဒုန်း ၂လုံးကျ

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ထဲကရပ်ကွက်တစ်ခုထဲကို ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

​ရှော့တိုက်ဒုံးကျပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-​​ဒေသခံ

​ဖေ​ဖော်ဝါရီ-၇၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ထဲကရပ်ကွက်တစ်ခုထဲကို ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ရက်၊မနက်၇နာရီ ၅၅မိနစ်မှာ လားရှိုးမြို့ ရပ်ကွက်(၁၁) နယ်မြေ(၉)ထဲက အိမ်တစ်လုံးကိုရှော့တိုက်ဒုန်းနှစ်လုံးထိမှန်တာဖြစ်ပါတယ်။

“ ပေါက်ကွဲချက်ကပြင်းလွန်းလို့တစ်မြို့လုံး ကြားလိုက်တယ်။တခြားရပ်ကွက်တွေလည်း မြေပါတုန်တာ။လားရှိူးကအခြေအနေငြိမ်မနေဘူးထင်တယ်” လို့ ​​ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှော့တိုက်ဒုန်းနှစ်လုံးမှာ တစ်လုံးကပေါက်ကွဲပြီး တစ်လုံးမပေါက်ကွဲဘူးလို့သိရပါတယ်။ရပ်ကွက်(၁၁)နယ်မြေ(၉)ထဲမှာ စစ်တ်တပ်စွဲထားတဲ့နေရာတွေရှိတယ်လို့ အခြားဒေသခံတစ်ဦးကပြောပါတယ်။

လားရှိုးမြို့ကိုစစ်ကောင်စီကကိုးကန့်တပ် (MNDAA)ထံကနေ တရုတ်အစိုးရအကူအညီနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလကစပြီး ပြန်လည်ထိန်းချုပ်ထားတာပါ။ဒါ​ပေမယ့် မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီးဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်တပ်စွဲထိန်းချုပ်ထားတာပါ။

လားရှိုးမြိို့ အနီးမှာတပ်စွဲထားတဲ့MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီကတောင်းဆိုနေပေမယ့် MNDAA ကဆုတ်မ​ပေးပါဘူး။

၂၀၂၅ ခုနှစ်၊နိုဝင်ဘာလမှာစစ်တပ်ရဲ့အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးက MNDAA ဘက်ကို တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံရပြီးဆွေးနွေးမှုပျက်ခဲ့ပါတယ်။အဲ့‌ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက်လေယာဉ်တချို့ပျံသလိုMNDAAကလည်းအင်အားတိုးချခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာစစ်တပ်က လားရှိုးမြို့ထဲကို သေနတ်နဲ့ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သလိုဒီဇင်ဘာလ၂၁ ရက်မှာလည်း ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

MNDAAနဲ့ စစ်ကောင်စီဟာ လားရှိုးမြို့နယ်အတွင်း ဒေသခံလူငယ်တွေနဲ့ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး စစ်သားစုဆောင်းနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့ကို ရောက်နေတဲ့ စစ်ကောင်စီခေါင်း‌ဆောင်မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာ တည်းခိုတယ်လို့ သတင်းရတာ‌ကြောင့် ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က သေနတ်နဲ့ပစ်ခတ်တာ​ကြောင့် ဒဏ်ရာရခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။