Connect with us

Hi, what are you looking for?

သတင်း

လုံခြုံရေးကြောင့်ဟားခါးမြို့အနီးတောတောင်တွေကိုမသွားဖို့ ပြည်သူတွေကို CDF အသိပေး

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့နဲ့ အနီးဝန်းကျင်က ​တော​တောင်​တွေကို စစ်တပ်အာဏာမသိမ်းခင်က​တွေ့ရပုံ။ ဓါတ်ပုံ-CFDS

ဖေဖော်ဝါရီ-၉၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၉ရက်စပြီးနောက်ထပ်ထုတ်ပြန်ချက်ထပ်မံ မထုတ်ပြန်မချင်း ကြေညာချက်အတည်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

“အဆိုပါကာလအတွင်း လုံခြုံရေးနှင့် ဆိုင်သော အခြေအနေများကြောင့်အန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့်ပြည်သူလူထု၏ အသက်အန္တရာယ် ကာကွယ်ရေးအတွက် ယခုကဲ့သို့ ကန့်သတ်သတ်မှတ်ခြင်း ဖြစ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုကြေညာချက်ကိုပြည်သူတွေ လေးနက်စွာလိုက်နာပူးပေါင်းဆောင်ရွက်ကြဖို့လည်း CDFက မေတ္တာရပ်ခံထားပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင်ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ CDF ဟားခါးဟာ စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို မကြာခဏ ပြုလုပ်​နေရာ၂၀၂၅ ဒီဇင်ဘာလ ၂၆ရက်ကဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ အောက်တိုဘာကလည်း ဟားခါးမြို့ရဲစခန်းကို CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှသေဆုံးထခိုက်မှု​တွေ ရှိသလိုအကျဉ်းသား ၁၅ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။

အလားတူ၂၀၂၄ ကလည်း ဟားခါး ရဲစခန်းကို CDF က ဝင်ရောက်စီးနင်းပြီး အကျဉ်းသား ၆၀ကျော်ကိုလည်းကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။

CDF ဟားခါးအနေနဲ့ ဟားခါးမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မယ်လို့ အသိပေးကြေညာထားပြီး လူငယ်တွေပူးပေါင်းပါဝင်ကြဖို့လည်းဖိတ်ခေါ်ထားပါတယ်။CDF ဟားခါးဟာ ဟားခါးမြို့တွင်း စစ်ဆင်ရေး၊ စခန်းသိမ်း စစ်ဆင်ရေးတွေကို အခြားတော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းဖော်ဆောင်ခဲ့တာတွေလည်း ရှိကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။