Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၆)အနီးက စစ်တပ်ကာကင်းစခန်းနှစ်ခုကို AA ထပ်မံသိမ်းပိုက်

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆) ရဲ့ကာကင်းစခန်း နှစ်ခုကို အာရက္ခတပ်တော်-AA က ​ဖေ​ဖော်ဝါရီလဆန်းပိုင်းမှာထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

အာရက္ခတပ်​တော်- AAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Infodesk

ဖေ​ဖော်ဝါရီ-၁၀၊၂၀၂၆။People’s Spring

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆) ရဲ့ကာကင်းစခန်း နှစ်ခုကို အာရက္ခတပ်တော်-AA က ​ဖေ​ဖော်ဝါရီလဆန်းပိုင်းမှာထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

“တိုက်ပွဲကတော့နေ့တိုင်းရှိပါတယ်။ အခုတော့ ကာကင်းနှစ်ခုသိမ်းပိုက်ထားတယ်။”လို့စစ်​ရေးသတင်းရင်းမြစ်တဦးက​ပြောပါတယ်။

စစ်ကောင်စီရဲ့ကပစ ၁၆အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်-AA ဦး​ဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာလည်းဖြစ် ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ကပစ ၁၆ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးလက်အောက်ခံကပစ တွေထဲကတစ်ခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ကပစ ၁၆ မကျရေးအတွက် လေကြောင်းက​နေ ပစ်ကူတာတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခုခံနေသလို AAတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ လည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

“၆ရက်(​ဖေ​ဖော်ဝါရီ၆ )နေ့ကတော့ ကျနော်တို့ရှိတဲ့ တောင်ကုန်းတခုကို စကစဘက်ကအင်အား ၇၀လောက်နဲ့ ကျားထိုးလာတာရှိတယ်။ အဲမှာတိုက်ပွဲဖြစ်ပြီးတော့ စစ်​ေးအလောင်း တစ်ဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေရလိုက်ရတာရှိတယ်။ သူတို့တော့ပြန်ဆုတ်ပြေးသွားတယ်။”လို့ စစ်​ရေးသတင်းရင်းမြစ်က​ပြောပါတယ်။

အာရက္ခတပ်တော်-AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ကပစစခန်းတွေ အတွက်အရေးပါတဲ့ကပစ (၁၆)လက်အောက်ခံပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၈ ရက်နေ့ကသိမ်းပိုက်ခဲ့နိုင်ခဲ့ပါတယ်။အဲဒီ​နောက် ကပစ (၁၆) ရဲ့ကာကင်းစခန်း​တွေကို ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။

၆၆၆ ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း AAက ဖမ်းဆီးခဲ့ပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းတိုက်ပွဲ​တွေမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ရော Y-12လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်လို့သတင်းရရှိပါတယ်။

ကပစ(၁၆)အနီး တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AAက ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၁ရက်ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့အသိပေးထားပါတယ်ကပစ(၁၆)အနီးနဲ့ ၆၆၆ပွိုင့်ကုန်းအနီး နိုဝင်ဘာလ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာစကခ(၁၀)လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၈)၊ခမရ (၃၆၃) တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးအထိ ရှိခဲ့တယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။