Connect with us

Hi, what are you looking for?

သတင်း

မကွေးနဲ့ ချင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်းအရပ်သား ၁၁ ဦးသေဆုံး

စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖေဖော်ဝါ ရီ လ ၁၀ ရက်တစ်ရက်တည်းမှာတင်မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား တစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်၊ CHRO ပေါက်မြို့နယ်နဲ့ ထန်တလန်မြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုပြီးနောက်တွေ့ရပုံ

ဖေဖော်ဝါရီ – ၁၁ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖေဖော်ဝါ ရီ လ ၁၀ ရက်တစ်ရက်တည်းမှာတင်မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား တစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်၊ CHRO

ပေါက်မြို့နယ်နဲ့ ထန်တလန်မြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုပြီးနောက်တွေ့ရပုံ

လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေကတော့ မကွေးတိုင်း ၊ပေါက်မြို့နယ်တောင်ပိုင်းရှိချက်ကန်ရွာနဲ့ ချင်းပြည်နယ်၊ထန်တလန်မြို့နယ်ထဲက တလန်ခွါရွာတို့ဖြစ်ပါတယ်။

ပေါက်မြို့နယ်၊ချက်ကန်ရွာကိုမနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်တိုက်လေ ယာဉ်နဲ့ဗုံးကြဲတာပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရတဲ့ရွာမှာ ဘုရားပွဲကျင်းပနေတာဖြစ်ပြီး ဂျက်တိုက်လေယာဉ်သုံးစီးနဲ့တိုက်ခိုက်တာလို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ရတယ်လို့ အဲဒီအဖွဲ့ကအသိပေးထားပါတယ်။ သေဆုံးသူငါးဦးမှာ အမျိုးသားတစ်ဦး နဲ့အမျိုးသမီးလေးဦးဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာဟာ စစ်ကောင်စီတပ်ရဲ့အမှတ်(၂၂ ) ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ ၁၅ မိုင်သာဝေးတာပါ။

ပေါက်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ပြီးနောက် အဲဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ချင်းပြည်နယ် ၊ထန်တလန်မြို့နယ် ၊တလန်ခွါရွာကို A -5 ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲရာမှာ အရပ်သား ခြောက်ဦးသေဆုံးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။

သေဆုံးသူခြောက်ဦးကအမျိုးသားတွေဖြစ်ပြီး ကျောင်းသားလေးဦးအပါအဝင် ခုနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ CHRO ကအသိပေးထားပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်တစ်ရက်တည်းမှာတင် စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့်မကွေးတိုင်းနဲ့ချင်းပြည်နယ်မှာအရပ်သား၁၁ ဦးသေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook