Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါးတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ အပါအဝင် ၃ဦးသေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ CDF-Hakha Support Team of Nort America က ထုတ်ပြန်ထားပါတယ်။

CDF ဟားခါးက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDFဟားခါး

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ CDF-Hakha Support Team of Nort America က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၂ရက် ညနေပိုင်းမှာ ပြုလုပ်တဲ့ CDF ဟားခါးရဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီအရာရှိအပါအဝင် ၃ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

” ချင်းပြည်နယ်၏ မြို့တော်ဟားခါးတွင်တာဝန် ကျသူ ရဲမင်းကြီး သည် လူမဆန် အင်မတန် ကြမ်းကြုတ် ရိုင်းစိုင်းနေပါသည်။ သူ့လက်အောက် ရဲဘော်တွေကို တနေ့ သိန်း၃၀ ထက်မနည်း ပြည်သူတွေဆီမှ မတရားလုယူခိုင်းပြီး တပ်ကုန်းနေ ဗျုဟာမှူးထံ ကန်တေ့ာလေ့ရှိကြောင်းသိရှိရပါသဖြင့် ပြည်ထောင်စုနေ့ညနေ ခင်းတွင် CDF Hakha မှ operation လုပ်ရခြင်း ဖြစ် ပါသည်”လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဟားခါးမြို့မှာ ပြည်သူတွေဆီကို ငွေကောက်ခံမှုတွေ ထပ်မံလုပ်ရင် ပိုပြင်းထန်တဲ့ပစ်ခတ်မှု ဖောက်ခွဲမှုတွေ ထပ်မံပြုလုပ်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။

CDF ဟားခါးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လေးရက် လောက်က ကြေညာချက် တရပ်ထုတ်ပြန်ပြီး ဟားခါးမြို့အနီး တောတောင်တွေမှာ ပြည်သူတွေအနေနဲ့ ညဘက်သွားလာခြင်းမပြုဖို့ ထုတ်ပြန်ထားပါတယ်။ လုံခြုံရေးနဲ့ ဆိုင်တဲ့ အခြေအတွေကြောင့် ထုတ်ပြန်တာဖြစ်ပြီး ပြည်သူတွေ လေးနက်စွာလိုက်နာပူးပေါင်းကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

CDFဟားခါးဟာ အရင်ကလည်း သတိပေးချက် တွေ ထုတ်ပြန်ပြီးတိုင်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လေ့ရှိပါတယ်။

ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို တိုက်ခိုက်တာ၊ ရဲစခန်းကို ဝင်စီးပြီး အကျဉ်းသားတွေ ကယ်ထုတ်တာ စတဲ့ စစ်ဆင်ရေးတွေအပါအဝင် စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေရာချီပြီး CDF ဟားခါးက ဖော်ဆောင်ထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်သားတွေအလင်းဝင်ဖို့ လမ်းဖွင့်ထားပြီး CDFဟားခါးဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲများစွာလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။