Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာကို စစ်ကောင်စီ တိုက်လေယာဉ် ဖြတ်ဝဲသွားပေမယ့် ပစ်ခတ်တာ၊ဗုံးကြဲတာမရှိဟု KIA ပြော

“မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး” – ဗိုလ်မှူးကြီးနော်ဘူ

(KIA ဌာနချုပ် လိုင်ဇာမြို့အား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

“မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး” – ဗိုလ်မှူးကြီးနော်ဘူ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာကို အာဏာသိမ်းစစ်ကောင်စီ တိုက်လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၂၀ရက် ညပိုင်းက ဖြတ်ဝဲတာရှိပေမယ့် ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်ည ၁၀နာရီ ၄၅မိနစ်လောက်မှာ လိုင်ဇာဒေသကို စစ်ကောင်စီ လေယာဉ်လာရောက်မှု အခြေအနေမေးမြန်းချက်အပေါ် အခုလိုပြောကြားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” လိုင်ဇာဘက်မှာတော့ ဂျက်ဖိုက်တာတစီးကဖြတ်ဝဲသွားတာတော့ရှိပါတယ်။ ဗုံးကြဲတာတွေသေနတ်နဲ့ ပစ်တာတွေကတော့ ဘာမှ မရှိပါဘူး။ အဲဒီလိုင်ဇာရောက်သွားတဲ့ ဂျက်ဖိုက်တာကတော့ တံတားဦးဘက်ကနေ တက်လာတဲ့ လေယာဉ်ဖြစ်နိုင်ပါတယ်။ ဗန်းမော်ဘက်ကနေ တက်လာတဲ့ သတင်းကို အရင်ကြားပါတယ်။ အဲဒီနောက်မှာ လိုင်ဇာ ရောက်လာတာဖြစ်ပါတယ်။ ဒါကြောင့် တံတားဦး မန္တလေးဘက်က နေ တက်လာတဲ့ လေယာဉ်တော့ ဖြစ်ဖို့များပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လေယာဉ်မလာရောက်မီ နာရီပိုင်းအလိုက မြစ်ကြီးနား လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး MNA ခရီးသည်လေယာဉ် တစီးအမြီးပိုင်းထိမှန်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အဲဒီ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဖြေကြားပါတယ်။

” မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်ကလည်း မြစ်ကြီးနားလေဆိပ်ဝင်းထဲမှာ ဒရုန်းတစင်း ပျက်ကျခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တုန်းက စစ်ကောင်စီက KIAကို စွပ်စွဲခဲ့ပေမယ့် ဗိုလ်မှူးကြီးနော်ဘူက မဟုတ်ဘူးလို့ ကချင်သတင်းဌာန KNG မှာ ဖြေကြားထားပါတယ်။ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူကပြောကြားခဲ့တာပါ။

“KIA အမြဲတမ်းတစ်ဖက်ရန်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလုပ်ပါတယ်။ အခုဖြစ်သွားတဲ့ အများပြည်သူသုံးတဲ့ လေယာဉ်ကွင်းက စစ်နေရာမဟုတ်သလို ရန်သူလည်းမရှိပါဘူး။ ပစ်ရင်က ရန်သူရှိတဲ့ စစ်လေယာဉ်ကွင်းကို ပစ်မှာပဲ။ နောက်တစ်ခုက စစ်ကော်မရှင်ကနေ ပြည်သူသုံးတဲ့ လေယာဉ်တွေကို အသုံးပြုပြီး စစ်မြေပြင်နေရာတွေမှာ အသုံးပြုတာတွေရှိတယ်။ ဥပမာ – စစ်အင်အားသယ်ယူတာတွေ၊ Y- 12, Y-8 တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အခုလိုလုပ်တာက ပြည်သူလူထုကို နားလည်မှုလွဲအောင်၊ အမြင်မှားအောင်လုပ်နေတယ်လို့ပဲပြောချင် တယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။