Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲ စစ်သားစုဆောင်းခံရသူက လက်နက်ယူလာပြီး အလင်းဝင်လာ

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရသူက လက်နက်ယူလာပြီး အလင်းဝင်လာတယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု(Mawlaik Revolutions)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားကို ဂုဏ်ပြုငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - Mawlaik Revolutions)

ဖေဖော်ဝါရီ-၂၄၊၂၀၂၆။မိုမို/Peoples Spring

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရသူက လက်နက်ယူလာပြီး အလင်းဝင်လာတယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု(Mawlaik Revolutions)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်မှုထမ်းအပတ်စဥ်(၁၇)အတွက် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့အမျိုးသားဟာ အခု ဖေဖော်ဝါရီ ၂၂ ရက်က ဆွတ်နန်းကျေးရွာကနေ မော်လိုက် တော်လှန်ရေးအင်အားစုထံ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

“အသေးစိတ်တော့ ကျွန်တော်တို့ မမေးရသေးဘူး။ဒါပေမယ့်သူက ကားမောင်းတဲ့သူ။ရန်ကုန်၊အင်းစိန် မြို့နယ်မှာပေါ်တာဆွဲခံရတာ”လို့ အထက်ပါတာဝန်ရှိသူက အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူက MA1 တစ်လက် ယူဆောင်လာလို့ မော်လိုက်တော်လှန်ရေးအင်အားစုက ဂုဏ်ပြုငွေ ကျပ်သိန်း၅၀ ပေးခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆွတ်နန်းကျေးရွာ အနီးက ရန်ကင်းတောင်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ဒီဇင်ဘာ ၁၄ ရက်က သိမ်းပိုက်ထားပါတယ်။

စစ်တပ်က တန်ပြန် ထိုးစစ်ဆင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

ရန်ကင်းတောင်စခန်းကို သိမ်းခဲ့စဥ်က လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း ခြောက်လောင်းလည်း တွေ့တယ်လို့ Mawlaik Revolutionsက ထုတ်ပြန်ထားပါတယ်။

မော်လိုက်မြို့မှာ စစ်ကောင်စီ အခြေချတပ်တွေဖြစ်တဲ့ ခမရ(၃၆၄၊၃၆၅၊၃၆၆)တပ်ရင်းတွေရှိပြီး ပျူစောထီးအင်အား အတန်အသင့်အားကောင်းတယ်လို့လည်း စစ်ရေးအချက်အလက်တွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။