Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တိုက်ပွဲ ခလရ(၅၈)တပ်ရင်းနဲ့ပိုနီးလာဟု ဒေသခံပြော

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဆက်ရှိနေပြီးတိုက်ပွဲတွေဟာ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းနဲ့ပိုနီးလာပြီဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

(တိုက်ပွဲတစ်ခုအတွင်း တွေ့ရတဲ့ KIA ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachinnet Burmese)

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဆက်ရှိနေပြီးတိုက်ပွဲတွေဟာ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းနဲ့ပိုနီးလာပြီဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ဝိုင်းမော်မြို့က စစ်ကောင်စီ တပ်စွဲရာနေရာအချို့ KIA ထပ်သိမ်းနိုင်တဲ့ သတင်းတွေအပေါ် ဒေသခံက အခုလို ပြောပြတာပါ။ လတ်တလောသိမ်းရတဲ့ နေရာတွေက ကာကင်းစခန်း အခိုင်အမာတွေမဟုတ်ဘဲ တပ်ဖွဲ့ဝင်အနည်းငယ်နဲ့ ကင်းချထားတာတွေ သိမ်းနိုင်တာလို့ ဒေသခံက ပြောပါတယ်။

” အခုလောလောဆယ်ကတော့ ၅၈ နဲ့တော့ တအားနီးကပ်လာပြီလို့ပြောရမှာပဲ။ ဝိုင်းမော် ကန်ပိုက်တီလမ်းဘက်ကမဟုတ်ဘူးနော။ မိုင်းနားဘက်က။ အဲဒီဘက်က နေ ၅၈ ကိုတော့တအားကပ်လာပြီ။ ဒါပေမဲ့ ချောင်းတချောင်းတော့ ခြားသေးတယ်”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ၂၀၂၄အတွင်း ဝိုင်းမော်မြို့နယ်မှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ တပ်စခန်းနေရာတွေ နယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းထိုးစစ်ဆင်နေပေမယ့် ရှေ့မတိုးနိုင်တဲ့အပြင် လက်ကျန် တပ်ရင်းဖြစ်တဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်းအချို့ကိုပါ အခု ဖေဖော်ဝါရီလအတွင်းမှာ လက်လွှတ်ခဲ့ရတာရှိပါတယ်။

ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေနေ့စဉ်ရှိနေပြီး မနှစ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ KIA ဆုတ်ခွာပေးခဲ့ရတဲ့ နေရာအချို့ကို အခု ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်နိုင်တာရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

တဖက်မှာ စစ်ကောင်စီဟာ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ KIA ထိန်းချုပ်နယ်မြေ အတွင်း နေရာ အများအပြားကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ဗုံးကြဲခံရတဲ့ နေရာအများစုက အရပ်သား နေထိုင်ရာတွေဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။