Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေ

စစ်တပ်က လေယာဉ်၊ဒရုန်းနဲ့ အပြင်းအထန် တိုက်ခိုက်ဟု KIAပြော

KIA ဂေါ်ရခါးတပ်ရဲဘော်များအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Go Pal Rimal/FB

မတ် ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၈ရက် ညသတင်းဖော်ပြချက်မှာ အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ ဗန်းမော်မြို့မှာ လတ်တလော စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ KIAပူးပေါင်းတပ်ဖွဲ့များခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးပါတယ်။

နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာကို လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁နှစ် သုံးလခန့်ကြာပြီဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာအချို့ကို KIAပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံံ့ပမ်းအချို့ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

KIAနဲ့ စစ်ကောင်စီတပ်တို့ဟာ အခုနှစ်ဆန်းပိုင်းမှာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။