Connect with us

Hi, what are you looking for?

သတင်း

ရေးနဲ့ သံဖြူဇရပ်က စစ်ကောင်စီတပ်ဖွဲ့တွေကို မွန်-တနင်္သာရီညီနောင်တပ် ထပ်မံတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

မတ် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၂၈ရက်နဲ့ မတ်လ ၁ရက်မှာ မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတပ်ပေါင်းစုဟာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(KBDF) (အမှတ်- ၈၀၀၂ တပ်ရင်း)၊ ရေးပြောက်ကျားတပ်ရင်း (YGF) (အမှတ်- ၈၀၀၁ တပ်ရင်း) တို့က ဒရုန်းတပ်ဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ဒရုန်းတပ်ပေါင်းစုဖြစ်ပါတယ်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုဟာ ဖေဖေါ်ဝါရီလ (၂၈)ရက်မှာ ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေရွာ အနီးတွင် ယာယီစခန်းချနေသော ရန်သူ့စစ်ကြောင်းအား ဒရုန်းဗုံးသီး (၄) လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်စုံစမ်းနေဆဲလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၁ရက်မှာလည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရွာ အခြေစိုက်ရဲစခန်းကို ဒရုန်း ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၃ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော် တွေ ထိခိုက်မှုမရှိ ခွာစစ်ဆင်နိုင်ခဲ့ဟု အသိပေးပါတယ်။

MSRF နဲ့ ညီနောင်တပ်တွေဟာ ဖေဖော်ဝါရီ ၂၁ရက် ၊ ၂၂ရက်နဲ့ ၂၃ရက်တွေမှာ မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ် အနင်းရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သလို ရေးမြိုနယ်အတွင်း စစ်တပ်စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ ရေးမြို့နယ် အောင်သပြေရွာအနီး တိုက်ပွဲမှာဆိုရင် စစ်တပ်က ၅ဦး သေဆုံးခဲ့သလို MSRF ရဲဘော် ၂ဦးလည်းကျဆုံးခဲ့ပါတယ်။ MSRFပါဝင်တဲ့ ညီနောင်တပ်ဖွဲတွေဟာ ဖေဖော်ဝါရီ ၂၄ရက်မှာလည်း ရေးမြိုနယ် ခေါဇာမြို့စျေးရှေ့ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင်တွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို အသိပေးထားပါတယ်။

ရေးနဲ့ သံဖြူဇရပ်က စစ်ကောင်စီတပ်ဖွဲ့တွေကို မွန်-တနင်္သာရီညီနောင်တပ် ထပ်မံတိုက်ခိုက် မတ် ၃၊ ၂၀၂၆။ ထားမြတ်/People’s…

Posted by People's Spring on Monday 2 March 2026

ရုပ်သံ – MSRF

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှူးဘူတာရဲ့ စစ်တပ်ကင်းပုန်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ဒီကနေ့(စက်တင်ဘာ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း ၂ခုကို ကရင်၊ မွန် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့(ဇူလိုင် ၃၁ရက်)သတင်းထုတ်ပြန်သည်။