Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေသလို ဒီကနေ့ မတ်လ ၄ရက် မနက်ပိုင်းမှာ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-AFP

မတ်−၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေသလို ဒီကနေ့ မတ်လ ၄ရက် မနက်ပိုင်းမှာ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက် အနောက်ဘက်မှာ မနေ့က မွန်းလွဲပိုင်း ၂နာရီ၄၅မိနစ်ခန့်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ပြင်းထန်ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကြားရပြီး မနေ့ကညနေပိုင်းမှာ ပစ်ခတ်သံတွေ ခဏရပ်သွားပေမယ့် ညပိုင်းနဲ့ ဒီနေ့ မနက်အစောပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရသေးတယ်လို့ ‌ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

” မနေ့ကတော့ တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့မနက်စောပိုင်းအထိ အသံတွေကြားနေရတာ။ မြို့ထဲပိုင်းတွေမှာတော့ သွားလာနေကြပြီ စက်သုံးဆီပြတ်ဆီတွေလည်းတိုးဝယ်နေကြတယ်” လို့ ၎င်းက ပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံတစ်ဦးသေဆုံးမှုဟာ မရှီကထောင်ရပ်ကွက်၊ထုံးဖိုရွာဘက်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီလ ၁၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာ လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကို KIA၊KPDF က သိမ်းယူနိူင်ခဲ့ပါတယ်။ စခန်းတွေဆုံးရှုံးပြီးတဲ့နောက် စစ်ကောင်စီကဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ညပိုင်းမှာ ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ(SNA)တပ်တွေ ပြန်ဝင်လာခဲ့ပါတယ်။

ယခုရက်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းတချို့က မရှီကထောင်ရပ်ကွက်ဘက်ကို ဦးတည်နေသလို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရောက်ရှိနေတဲ့သတင်း ထွက်ပေါ်နေပါတယ်။

“ ဂရုစိုက်ရမယ့်အနေအထား။ အရပ်ဝတ်တွေနဲ့မရှီကထောင်စာသင်ကျောင်းထဲအများကြီးရောက်နေတယ်။ နေ့ခင်းထဲက ပစ်ခတ်နေကြတာ။ ဆိုင်းတောင်ထဲလည်း တော်တော်ရှုပ်နေကြတယ်။ ကား၅စီးလောက်နဲ့ လက်နက်ကြီးတွေထောင်ပြီး ယူနီဖောင်းအပြည့်နဲ့ ပတ်နေကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ မယ်သဝေါ ဒေသက စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ခြေကုတ်စခန်းကုန်းသိမ်းတိုက်ပွဲမှာ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ဒီနေ့ (ဧပြီ ၁၄ ရက်မှာ) အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။