Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်အရှေ့ခြမ်း လေကြောင်းတိုက်ခံရပြီး ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အ ရှေ့ခြမ်းမှာ စစ်တပ်က လေ‌‌ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီး၂ဦး သေဆုံးပြီး အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

မတ်-၅၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အ ရှေ့ခြမ်းမှာ စစ်တပ်က လေ‌‌ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီး၂ဦး သေဆုံးပြီး အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၅ရက် ဒီကနေ့ညနေ ၄နာရီ၄၇မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကောလင်းမြို့နယ်၊ရွှေဘို- မြစ်ကြီးနားလမ်းအနီးရှိ ကချင်ကုန်းကို ဗုံးကြဲခဲ့ရာ အမျိုးသား တစ်ဦးနဲ့ ဈေးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ချိန်မှာ ဈေးသည်အမျိုးသမီး ထပ်မံ သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီဂျက်ဖိုက်တာကပဲ ရှောက်ပင်ကုန်းကျေးရွာဘုန်းကြီးကျောင်းကိုလည်း ဗုံး ၃လုံးကြဲရာ ဘုန်းကြီးကျောင်းပျက်စီးပြီး ကျောင်းစောင့် လင်မယားနှစ်ဦး ထိမှန်ကာ အမျိုးသမီး သေဆုံးပြီး အမျိုးသားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” လေးကြိမ်ကြဲတာဗျ။ဈေးသည်အမျိုးသမီးက ကိုယ်ဝန်သည်၊ဆိုင်ကယ်နဲ့ ဈေး ရောင်း နေတာ။ဆေးရုံပို့တဲ့အချိန်လမ်းမှာတင် သေသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံပြည် သူတွေသေဆုံးခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook