Connect with us

Hi, what are you looking for?

သတင်း

ကလေး-ဖလမ်းကြားတိုက်ပွဲ ဇိုဖေ တပ်ရင်း(၁)က ရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

မတ်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

အသက်(၂၁)အရွယ် ရဲဘော်ဆလိုင်းခွာလျန်မာန်ဟာ စစ်ကောင်စီတပ်ကို ခုခံတိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ရတာလို့ ဖော်ပြပါတယ်။

ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် ပေးဆပ်မှုများအပေါ် အထူးလေးစား ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းတင်အပ်ပါတယ်လို့ CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့အပါအဝင် ချင်းပြည်နယ်မြောက်ပိုင်းက ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာလို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်တွေ စုပေါင်းခုခံတိုက်ခိုက်နေတာပါ။

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း ၂၀၂၅ ဒီဇင်ဘာကနေ ယမန်နေ့ မတ်လ ၅ရက်နေ့အထိ CDF ဇိုဖေက ရဲဘော် ၅ဦး ထက် မနည်းကျဆုံးခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၃ရက်မှာ ကလေး-ဖမ်းကြား တိုက်ပွဲအတွင်း အသက် ၁၈နှစ်အရွယ် ဆလိုင်းဗျက်ထာကျဲမ်၊ ဒီဇင်ဘာ ၂၆ရက်က ဒါဝိဒ်စစ်ဆင်ရေးမှာ အသက် ၂၃ နှစ်အရွယ် ဒုဗိုလ် လျန်ကျဲအိုထန်၊ ၂၀၂၆ ဇန်နဝါရီ ၁၈ရက်က ကလေး-ဖလမ်းမြို့အကြားတိုက်ပွဲမှာ အသက် ၂၁ နှစ်အရွယ် ဆလိုင်းဘွေဘိခ်ထောင်းနဲ့ မတ်လ ၅ရက် မှာ ဆလိုင်းခွာလျန်မာန် တို့ ကျဆုံးခဲ့ဟု အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ဖလမ်းပြန်ရဖို့ မြေပြင်ထိုးစစ်ဆင် အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

The Voice of Chinland ရဲ့ ဖော်ပြချက်အရ မတ်လ ၅ရက်ကဖလမ်းမြို့နဲ့ မြို့နဲ့ ကလေး-ဖလမ်း ကားလမ်းပေါ်က လုမ်းဘန်ရွာကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို သိုင်းငင်း-ဖလမ်းကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးရှိမရှိနဲ့ ချင်းမြောက်ပိုင်း ဒေသ စစ်ရေး အခြေအနေတွေကို မေးမြန်းဖို့ ချင်းပြည်ကောင်စီ ကာကွယ်ရေး ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းနဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထံ ဆက်သွယ် မေးမန်းထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။