Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ဆိုင်ကယ်တွေဆီဝယ်ရင် လိုင်စင်မိတ္တူ တောင်းနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

(မိတ္ထီလာမြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်၌ ဝယ်ယူနေသော ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-SMM)

မတ်-၉၊ ၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မတ်လ ၉ ရက် မနက်ပိုင်းက မိတ္ထီလာမြို့ရှိ စက်သုံးဆီဆိုင်အချို့သို့ သွားရောက်ဆီဝယ်ခဲ့သူတွေ ပြောကြားချက်အရ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ် ၅,၀၀၀ ဖိုးနှုန်းသာ ကန့်သတ် ရောင်းချပေးနေကြောင်း၊ ထိုသို့ ရောင်းချရာမှာလည်း ဆိုင်ကယ်လိုင်စင်ဒစ်ဝိုင်း မိတ္တူပါရှိမှသာ ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း ဆီဆိုင်တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တစ်ခေါက်သွားတိုင်း လိုင်စင်ဒစ်ဝိုင်းကို မိတ္တူသွားဆွဲရမှာ။ ပြီးရင်တခါတည်း ပေးခဲ့ရမှာ။ ဘယ်လိုမှအဆင်မပြေဘူး”လို့ မိတ္ထီလာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သက်တမ်းလွန်နေတဲ့၊ လိုင်စင်မရှိသေးတဲ့ မော်တော်ဆိုင်ကယ်တွေလည်း ဆီဝယ်ယူခွင့်မရတာကြောင့် ရွာတွေဘက်က ပြည်သူတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ မော်တော်ယာဥ်နဲ့ မော်တော်ဆိုင်ကယ်တွေ သတ်မှတ်ထားတဲ့ စုံ/မ ရက်အတိုင်း မောင်းနှင်ကြဖို့နဲ့ အသံချဲ့စက်တွေနဲ့ လိုက်အော်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၇ရက်ကစပြီး စက်သုံးဆီ ချွေတာရေးအစီအစဥ်ဆိုကာ ယာဥ်တွေကို ရက်အလိုက် စုံ/မခွဲကာ လမ်းပေါ်ထွက်တဲ့စနစ်၊ ဆီရောင်းချပေးတဲ့စနစ်တွေကိုစတင်နေပြီး ဖောက်ဖျက်ရင် ထောင်ဒဏ် ၁ လနဲ့ ငွေဒဏ် ကျပ်နှစ်သောင်း ကျခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်၊ ဖမ်းဆီးမယ့်ယာဥ်ထိန်းနဲ့ စက်သုံးဆီဆိုင်တွေရဲ့စုံ/မ ခွဲခြားတဲ့စနစ် အမျိုးမျိုးကွဲပြားနေတာကြောင့် ပြည်သူတွေ သွားရေးလာရေးခက်ခဲနေပြီး အလုပ်အကိုင်တွေ ထိခိုက်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။