Connect with us

Hi, what are you looking for?

သတင်း

သန်လျင်ရေတပ်က တပ်ကြပ်ဗိုလ်ဗိုလ်ထွန်းက ကလေးတစ်ဦးဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ရောင်းစား

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

မတ်-၁၃၊၂၀၂၆။မိုမို/Peoples Spring

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ သန်လျင်ရေတပ် စခန်းဌာနချုပ်က တပ်ကြပ် ဗိုလ်ဗိုလ်ထွန်းဟာ ထမလုံကျေးရွာထိပ်မှာ သားဖြစ်သူ နေဦးလွင်ကို ဖမ်းဆီးပြီး ရောင်းစားခဲ့တာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကျောက်တန်းမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)လုပ်ပြီး ကျောက်တန်းမြို့နယ် ဇွဲဘာကုန်းကျေးရွာ စစ်မှုထမ်းဖို့ ကိုယ်စားပြုအတွက် ကျပ်သိန်း ၈၀နဲ့ ရောင်းစားပြီး စစ်မှုထမ်းထဲထည့်လိုက်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်မတို့နေတဲ့ အလယ်ရွာကနေ ကလေးနဲ့သူ့သူငယ်ချင်းက ထမလုံကျေးရွာမှာ ထမင်းသွားဝယ်တာ။အဲဒါကို ခြိမ်းခြောက်ကားပေါ်တင်ပြီး ခေါ်သွားတာ။ဟိုကလေးက လွတ်တယ်။အကောင်သေးတာလည်းပါတယ်။ကျွန်မသားက အသက်တာငယ်တာ လူကောင်ထွားတယ်”လို့ နေဦးလွင်ရဲ့ မိခင်က ပြောပါတယ်။

လက်ရှိမှာ သားဖြစ်သူက စစ်မှုထမ်းအပတ်စဥ် (၂၂)အတွက် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် စစ်သင်တန်းကျောင်းကို ရောက်နေတယ်လို့လည်းသူက အသိပေးပါတယ်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းမှာ အမျိုးသားတွေ အချိန်မရွေး ဖမ်းဆီးခံရတာတွေနဲ့ စစ်မှုထမ်း အဖြစ်စုဆောင်းခံရတာတွေ ရှိနေပါတယ်။

“တစ်လပိုင်းက ကျွန်တော့် အသိတစ်ယောက်ဆို ကောင်မလေးကို သွားပို့ရင် အင်းစိန်ကအပြန် ဆွဲခံရတာ။ပိုက်ဆံနဲ့ ရွေးဆိုပြီးလုပ်တာ။ပလေကပ် ပုဆိုးဝတ်ထားတဲ့ကောင်တွေ။သိန်း ၆၀ ပေးလိုက်ရတယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ၂၀၂၄ ဖေဖော်ဝါရီကတည်းက စစ်မှု ထမ်းဥပဒေကို ပြဌာန်းခဲ့ကာ အပတ်စဥ်တစ်ခုအတွက် အမျိုးသား ၅၀၀၀ စုဆောင်းမယ်လို့ ကြေညာခဲ့ပါတယ်။

စစ်မှုထမ်းတပ်သားတွေကို စုစည်းပြီးနောက်ပိုင်း နိုင်ငံ့အနှံ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်ကို ထိုးစစ်ဆင်နေပါတယ်။ထိုးစစ်တွေမှာ သေဆုံးသူအများစုက စစ်မှုထမ်းတပ်သားတွေ ဖြစ်တယ်လို့လည်း မြေပြင်က တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ အဓမ္မတပ်သားသစ်အဖြစ်မစုဆောင်းခံရဖို့ နဲ့စုဆောင်းခံရပြီးရင်လည်း အသက်အသေမခံဘဲ ထွက်ပြေးကြဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။

လက်ရှိမှာလည်း အဓမ္မစစ်သားသစ်စုဆောင်းခံတဲ့ လူငယ်တွေဟာ ရှေ့တန်းပို့ခံရချိန်မှာ ထွက်ပြေးတာ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်တာ ၊ သေဆုံးဒဏ်ရာရတာ စတာတွေလည်းအများအပြားရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော