Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ဝင်တန်းကျောင်းသားတွေ စာမေးပွဲ နောက်ဆုံးနေ့

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

မတ်-၁၇၊၂၀၂၆။People’s Spring

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာဘာသာတွဲအလိုက် ဘာသာရပ် ၆ ခုဖြေဆိုခဲ့ကြတာပါ။

ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ နှစ်သိန်းခြောက်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – PS

ဆက်စပ်သတင်းများ

ဆောင်းပါး

မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ DKBA တပ်ဖွဲ့ရဲ့ ကင်းစခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဘိလပ်မြေဖျော်တဲ့သူ​တွေ၊ အုတ်ထမ်းတဲ့သူတွေ၊သံချောင်းတွေနေရာရွှေ့သူ​တွေ၊ အုတ်စီတဲ့သူ​တွေနဲ့ ကိုယ်စီအလုပ်ရှုပ်​နေကြပါတယ်။အဲဒီဆောက်လုပ်ရေးလုပ်သား​တွေထဲမှာ အသက်၁၇ နှစ် အရွယ် ဖြိုးကျော်လည်းပါဝင်ပါတယ်။

ဆောင်းပါး

ဗုံးခိုကျင်းတွေကြားမှာ ဆက်လက်သင်ယူနေတဲ့ မြန်မာကလေးများ၏ ပညာရေး

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။