Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲတိုက်ခိုက်မှုကြားကနေ စစ်သုံ့ပန်းတွေကို AAလွတ်ငြိမ်းပေး

ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေထဲက အချို့ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မတ်လ (၁၄) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခမ်းအနားပြုလုပ်ခဲ့စဉ်မှာ စစ်သုံ့ပန်းမိသားစုဝင်တွေက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

စစ်ကောင်စီတပ် စစ်သုံ့ပန်းမိသားစုဝင်တွေမှ မမေသဇင်ဝင်းက AA ကို ကျေးဇူးတင်စကား ပြောဆိုစဉ်။ ဓာတ်ပုံ - Screengrab

မတ်-၂၀၊ ၂၀၂၆။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေထဲက အချို့ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မတ်လ (၁၄) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခမ်းအနားပြုလုပ်ခဲ့စဉ်မှာ စစ်သုံ့ပန်းမိသားစုဝင်တွေက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

AAက မြို့သိမ်းတိုက်ပွဲတွေမှာ ထောင်နဲ့ချီတဲ့စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားပြီး အဲဒီထဲမှာ စစ်ကောင်စီထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့သိမ်းတိုက်ပွဲတွေမှာ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊မောင်တောမြို့သိမ်း တိုက်ပွဲမှာ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အမ်းမြို့နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုဖမ်းမိခဲ့ပါတယ်။

AA ထိန်းသိမ်းထားတဲ စစ်သုံ့ပန်းရှိရာနေရာတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲနေပါတယ်။ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီကမတ်လ (၈) ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ဘက်အရာရှိအများအပြားအပါအဝင် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရသလို အရပ်ဖက်သုံ့ပန်းတချို့လည်း ထိခိုက်သေဆုံးတယ်လို့AAက ဒီထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook