Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းမှာ စက်သုံးဆီရဖို့ ပိုခက်ခဲလာ

ပြည်တွင်းမှာ စက်သုံးဆီရဖို့ ပိုမိုခက်ခဲလာတယ်လို့ မော်တော်ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့က စက်သုံးဆီရောင်းဆိုင်အချို့ကို မတ်လ ၂၀ရက်နံနက်က တွေ့ရစဉ်။ဓာတ်ပုံ-ဧပြီ

မတ်-၂၁ ၊၂၀၂၆။ဇော်ဝင်း /People’s Spring

ပြည်တွင်းမှာ စက်သုံးဆီရဖို့ ပိုမိုခက်ခဲလာတယ်လို့ မော်တော်ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီဆိုင် ၅၀၀ကျော် သုံးပုံနှစ်ပုံ ရှိတဲ့ရန်ကုန်မြို့မှာ စက်သုံးဆီရရှိဖို့ ညအိပ်တန်းစီရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“မနေ့ကကားဆွဲပြီးကတည်းက မနေ့ညနေ ၄ နာရီခွဲ ၃၀ကတည်းက အိမ်မပြန်ပဲညအိပ်တန်းစီတာ အခုထိမရသေး”လို့ တက္ကစီယာဥ်မောင်းတစ်ဦးက ကမ္ဘာအေးဘုရားလမ်း New Day ဆီဆိုင်မှာတန်းစီရတဲ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စက်သုံးဆီရရှိဖို့ တန်းစီရတဲ့ ကားအရေအတွက်များပြားတာကြောင့် ရပ်ကွက်အတွင်းလမ်းတွေထဲထိပါ ကားပိတ်ဆို့တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဗထူးလမ်းမပေါ်က Max ကစီလိုက်တာ မင်းရဲကျော်စွာလမ်းမပေါ်ရယ် ရပ်ကွက်လမ်းပင်လုံလမ်းမတွေထဲထိပြည့်နေပြီ။ဗထူးတန်ဖိုးနည်းအိပ်ယာနားက 360ဆီဆိုင်က ဗထူးလမ်းမပေါ်ကနေ ၄၆ ရပ် ကွက်အတွင်းဘက်တွေထဲထိ”လို့ မြောက်ဒဂုံမြို့နယ်ထဲက ယာဥ်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဆိုင်တွေက ဆီရရှိဖို့ခက်ခဲတာကြောင့် စျေးသုံးဆ နီးပါးကွာတဲ့ ပြင်ပမှာရောင်းချတဲ့ စက်သုံးဆီစျေးကွက်ကနေ ဝယ်ယူနေကြရသူတွေလည်း ရှိလာပါတယ်။

“ည အိပ်တန်းမစီနိုင်ဘူးလေ။အဲဒါကြောင့် အခု တစ်လီတာ တစ်သောင်းဆိုလည်း ထည့်လိုက်ရတယ်။အရေးပေါ်ဖြစ်ရင် ထွက်လို့ရအောင်ပါ”လို့ အင်းစိန်မြို့နေသူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေဟာ လက်ရှိမှာ ကားတစ်စီးကို တစ်ရက်ခြားမောင်းနှင်ရမယ့် သတ်မှတ်ချက်နဲ့ တစ်ရက်ကို အကန့်အသတ်နဲ့ပဲပေးပြီး တစ်ကြိမ်ပဲ ဆီထည့်ခွင့်ရတဲ့ အခက်အခဲတွေအပြင် ရန်ကုန်၊မန္တလေးအပါအဝင် နိုင်ငံအနှံ့မှာ ခရီးသွားယာဉ်လိုင်းတွေနဲ့ ဆတိုးမြင့်တက်လာတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ရင်ဆိုင်နေကြရပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက သုံးပတ်ဆက်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်ကနေ မမတ်လ ၂၀ ရက် သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၁၃၀၀ကနေ ကျပ်၂၀၀၀ကျော် အထိ မြင့်တက်ခဲ့ပါတယ်။

စစ်ဖြစ်ပွားနေတဲ့ဒေသတွေ မှာ စက်သုံးဆီစျေးက သုံးဆနီးပါးမြင့်တက်နေပြီး လိုသလောက်မရတော့တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အရင် ၆ သိန်းလောက်ရှိတဲ့ စက်သုံးဆီ တပီပါ က အခု ၁၇ သိန်းဖြစ်သွားပြီ။ငါးဂါလံတပုံးက တစ်သိန်းခြောက်ပေးနေရတယ်ဗျ”လို့ ကရင်နီပြည်နယ်က စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

လေကြောင်းလိုင်းတွေနဲ့ စီးပွားရေးအသင်းအဖွဲ့တချို့က စက်သုံးဆီ ရရှိမှုအတွက် လုပ်ငန်းပိုင်း လျှော့ချတာ၊ ရပ်နားလိုက်တာတွေလည်း လက်တလောမှာ ဖြစ်နေပါတယ်။

စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လဆန်းမှာ အရန်စက်သုံးဆီရက် ၄၀ စာရှိသေးတယ်လို့ ဆိုထားပါတယ်။ဒါအပြင် ဆီတင်သဘော် ၁၀စီးကျော်လာဖို့ရှိသေးတယ်လို့ဆိုခဲ့တာပါ။

ရက်ရှည်လာတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်က ရေနံတစ်စည် ဒေါ်လာ ၆၀ နဲ့ ၇၀ ဝန်းကျင်ကနေ အခုချိန်မှာ ဒေါ်လာ ၁၀၀ ကျော်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။