Connect with us

Hi, what are you looking for?

သတင်း

မြောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၆ ဦးအထိရှိလာ၊ ၂၀ကျော် ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ၆ ဦးဖြတ်တောက်ရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းမှဗုံးကြဲခဲ့ရာတွင် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်သေဆုံးသူ ၆ ဦးအထိရှိလာပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် T. G. R.သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့

မတ်-၂၃၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းမှဗုံးကြဲခဲ့ရာတွင် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်သေဆုံးသူ ၆ ဦးအထိရှိလာပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် T. G. R.သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

မတ်လ ၂၃ရက် နေ့လယ်ပိုင်းက မြောင်မြို့နယ်၊ သောင်ကြီးကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့တာပါ။ ဒီကနေ့မှာတော့ ကလေးရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“၅ နှစ်အရွယ် ကောင်လေးက ဒီနေ့ ရှင်းလင်းရေ လုပ်မှ တွေ့တာပါ”လို့ ၎င်းအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်ဖြစ်ချင်း သေဆုံးခဲ့သူတွေကတော့အသက် ၇၄ နှစ်အရွယ် ဦးအုံးပိုင် ၊ အသက် ၅၇ နှစ်အရွယ်ဒေါ်သီတာ ၊ အသက် ၆၀ နှစ်အရွယ်ဦးသန်းလွင်အသက် ၄၉ နှစ်အရွယ်ကိုဇော်မင်းနိုင် ၊အသက် ၆၀ နှစ်အရွယ် ဒေါ်အုန်းကြည် ၆၀ နှစ်တို့ဖြစ်ကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင်ကိုယ်လက်အင်္ဂါဖြတ်တောက်ရသူ ၅ ဦးနဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၂၁ ဦးအထိရှိပါတယ်။ အိမ်ထောင်စု ၄၁ စုရဲ့ နေအိမ်တွေလည်း မီးလောင်ပြာကျခဲ့တယ်လို့ မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့က အသိ​ပေးပါတယ်။

ဒါ့အပြင် နွား ၆ကောင်ထက်မနည်း သေဆုံးပြီး အိမ်ခြေ၁၅အိမ်ကျော်လည်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

စစ်တပ်က စက်သုံးဆီတွေ ရှားပါးနေတဲ့ကြားကနေ မတ်လအတွင်းလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြီးလုပ်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု​တွေ ဆက်တိုက်တိုးနေပါတယ်။

မနေ့ကပဲစစ်ကိုင်းတိုင်း၊အရာတော် နဲ့ မြင်းမူမြို့နယ်အစပ်ကမင်းရွာကြီးကျေးရွာပိုစစ်တပ်ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံးခဲ့ပါသေးတယ်။

စစ်တပ်ဟာ မတ်လ ၂၁ရက်က ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ် ကဂျက်ဖိုက်တာ ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သား စုစု​ပေါင်း ၈၀ ခန့် သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

မတ်လ ၁၅ရက် ညနေကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံ ၁၃ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။ မတ်လ၂၀ရက်နေ့ကလည်း ကသာမြို့ကို ဗုံးကြဲလို့ လူ ၈၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။