Connect with us

Hi, what are you looking for?

သတင်း

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်တပ်က စက်သုံးဆီဝယ်လာရင် တစ်လီတာ ကျပ်တစ်ထောင် ကောက်နေ

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တိုက်နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေဟာ စက်သုံးဆီဝယ်ယူရာမှာ စစ်တပ်က တစ်လီတာ ကျပ်တစ်ထောင်နှုန်းကောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

စလင်းမြို့က စက်သုံးဆီဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

​မတ်-၂၆ ရက်၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တိုက်နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေဟာ စက်သုံးဆီဝယ်ယူရာမှာ စစ်တပ်က တစ်လီတာ ကျပ်တစ်ထောင်နှုန်းကောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့တိုက်နယ်ရှိ ကျေးရွာပြည်သူတွေဟာ စက်သုံးဆီရရှိနိုင်ရေး ဆင်ဖြူကျွန်းမြို့ပေါ်မှာရှိတဲ့ ဆီပန့်ဆိုင်တွေကို သွားရောက်ဝယ်ယူရာမှာ နွယ်တမယ်တံတားဂိတ်က စစ်သားတွေက စက်သုံးဆီ တစ်လီတာဝယ်ရင် ကျပ် တစ်ထောင် အခွန်ကြေးဖြင့် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပြည်သူတွေ ရေသန်ဘူးနဲ့တစ်လီတာဘူး ဆယ်ဘူးဝယ်လာရင် တစ်သောင်းနှုန်းနဲ့ကောက်ခံတာ။ လက်ရှိမှာ အခွန်ကြေးအဖြစ်နဲ့ ကောက်နေတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေဟာ စက်သုံးဆီကို ခက်ခက်ခဲခဲနဲ့ ဝယ်ယူနေရချိန် စစ်သားတွေက အခွင့်ကောင်းယူငွေညှစ်နေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့အကြားလမ်းပိုင်းမှာ စစ်ကောင်စီ ဂိတ်စခန်းစုစုပေါင်း (၈) ခုခန့် ရှိနေပြီး ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဟာ ဂိတ်ကြေးအမြောက်အမြား ပေးဆောင်နေရကြောင်း သိရပါတယ်။ စလင်းမှ ဆင်ဖြူကျွန်းအထိ ပြေးဆွဲရာမှာ လမ်းတစ်လျှောက်ရှိ ဂိတ်ကြေးများအတွက်တင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျနေတယ်လို့ ကားသမားအချို့က ပြောပါတယ်။

​အထူးသဖြင့် ဆင်ဖြူကျွန်းမှ နွယ်တမယ်တံတားအထိ လမ်းပိုင်းတိုအတွင်း၌ပင် ဂိတ်ကြေး တစ်သိန်းခွဲအထိ ကုန်ကျမှုတွေရှိနေလို့ ဒေသတွင်း သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စျေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ဒေသခံများပြောပါတယ်။

စစ်တပ်ဟာ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့လည်း မကြာခဏ တိုက်ခိုက်လို့ ပြည်သူထိခိုက်သေဆုံးတာတွေ၊ အဆောက်အအုံ ပျက်စီးမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။