Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမှာ လူငယ် ၃ဦးကို သတ်ဖြတ်ပြီး အလောင်းအနီးသေနတ်ထား ဓာတ်ပုံရိုက်ဖြန့်ဝေတဲ့ စစ်တပ်လုပ်ရပ် CDFရှုတ်ချ

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

ဟားခါးမြို့ကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

မတ်လ ၂၃ရက်က မိသားစုကိစ္စနဲ့ မြို့အပြင် ထွက်လာတဲ့ ဟားခါးမြို့က လူငယ် ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှု မပြုဘဲ ရိုက်နှက်သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။

ဟားခါး GTI ကျောင်းအောက်ရှိ စစ်ကောင်စီရဲ့ လွှတ်တော်ဥက္ကဌသစ် ဦးကောလ်လျန်ထန်းရဲ့ နေအိမ်ဘေးမှာ စစ်ကောင်စီတပ်က လူငယ် ၃ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သတ်ဖြတ်ထားတဲ့ အလောင်းအနီး ရိုင်ဖယ်သေနတ်ကို တမင်အကွက်ဆင်ချထားပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာ‌‌ပေါ် တင်ထားခြင်းဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော လူငယ်တွေရဲ့ မိသားစုများနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြထားပါတယ်။

” အပြစ်မဲ့ပြည်သူကို အတုအယောင်လက်နက်ကိုင်အဖြစ်ဖန်တီးရန် ကြိုးပမ်းခြင်းဖြစ်သည့်အတွက် အလွန်အမင်း ယုတ်မာသော လိမ်လည်လှည့်ဖြားမှုဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် အကြမ်းဖက် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာဖော်ပြနေပါသည်”လို့ ထုတ်ပြန်ထားပါတယ်။

လူထုအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကန့်ကွက်ကြောင်း၊ ကျူးလွန်သူတွေ တာဝန်ယူရမှာ ဖြစ်ကြောင်း CDF ဟားခါးက သတိပေးပါတယ်။

ဒါ့အပြင် ‎ဟားခါးမြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူလူထု၊ အထူးသဖြင့် လူငယ်တွေ အားလုံးအနေနဲ့ ‎စစ်ကောင်စီရဲ့ မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများကို အလေးအနက် သတိပြုကြဖို့ သတိပေးပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ မိမိကိုယ်တိုင် ပါဝင်သင့်ပြီဖြစ်ကြောင်း CDF ဟားခါးက တိုက်တွန်းခဲ့ပါတယ်။

CDF ဟားခါးဟာ အခုလို သတိပေးကန့်ကွက်မှုတွေ ထုတ်ပြန်ပြီးတိုင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လေ့ရှိပါတယ်။ စစ်တပ် ရွေးကောက်ပွဲ ကျင်းပစဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီး စစ်တပ်က ချင်းပြည်နယ် လွှတ်တော်ခေါ်ယူစဉ်ကာလတွေမှာလည်း CDFဟားခါးဟာ ဟားခါးမြို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း