Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီရောင်းတဲ့စနစ် ထပ်ပြောင်းပြန်၊ မိုင်နှုန်းကြည့်ပြီး ဆီရောင်းမယ်ဟုဆို

စစ်ကောင်စီက စက်သုံး​ဆီရောင်းချတဲ့စနစ် ထပ်မံပြောင်းလဲလိုက်ပြီး မိုင်နှူန်းကြည့် ဆီရောင်းမယ့်စနစ် မနက်ဖြန် ဧပြီ ၃ရက်မှာ စတင်မယ်လို့ ကြေညာပါတယ်။

(မန္တလေးမြို့မှာ စက်သုံးဆီရဖို့စီတန်းနေကြစဉ်နဲ့ စစ်ကောင်စီရဲ့ စက်သုံးဆီရောင်းချမှုကန့်သတ်သည့်ကြေညာချက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဧပြီ−၂၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကောင်စီက စက်သုံး​ဆီရောင်းချတဲ့စနစ် ထပ်မံပြောင်းလဲလိုက်ပြီး မိုင်နှူန်းကြည့် ဆီရောင်းမယ့်စနစ် မနက်ဖြန် ဧပြီ ၃ရက်မှာ စတင်မယ်လို့ ကြေညာပါတယ်။

ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်ပြီး စက်သုံးဆီပမာဏ သတ်မှတ်ကာ ရောင်းချပေးနေရာမှာ Taxi ယာဉ်တွေ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို ပမာဏတိုးမြှင့် သတ်မှတ်ပေးပြီး တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားကြောင်း၊ ဒါပေမဲ့ ယာဥ်တွေဟာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို မနက်ဖြန် ဧပြီ ၃ ရက်ကစတင်ကာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

“အခုတောင် တစ်ပတ် ၂၅ လီတာရတာ။ တကယ်မောင်းရင်မလောက်ဘူး။ ပိုတောင်ခက်သွားတော့မှာ”လို့ မန္တလေးမြို့က သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ မိုင်နှူန်းကြည့်ရောင်းချမယ့်စနစ်ကို ဘယ်လိုပုံစံရောင်းပေးမယ်ဆိုတာ အသေးစိတ်မထုတ်ပြန်သေးပါဘူး။ အဆိုပါကြေညာချက်အရ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေတော့ ပါဝင်တာ မတွေ့ရပါဘူး။

ယခုအခါ မော်တော်ယာဥ်တွေဟာ QRစနစ်၊ စုံမစနစ်နဲ့ စက်သုံးဆီဝယ်ယူနေရတာဖြစ်ပြီး အငှားယာဥ်တွေ ကုန်တင်ယာဥ်တွေဟာ နောက်ထပ်စနစ်တစ်ခုနဲ့ပါ ကန့်သတ်ခံရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။