Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူ သင်္ကြန် ကာလအတွင်း DKBA စည်းကမ်းထုတ်

ထိုင်း – မြန်မာ နယ်စပ်မြို့ ဘုရားသုံးဆူမှာ သင်္ကြန် ကာလအတွင်း မြို့လုံခြုံရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က စည်းကမ်းချက် ငါးချက်ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ကြေညာပါတယ်။

ဧပြီ – ၁၃ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာ နယ်စပ်မြို့ ဘုရားသုံးဆူမှာ သင်္ကြန် ကာလအတွင်း မြို့လုံခြုံရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က စည်းကမ်းချက် ငါးချက်ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ကြေညာပါတယ်။

သင်္ကြန် ကာလအတွင်း မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တာမလုပ်ဖို့ ၊ သွားလာနေတဲ့ယာဉ်တွေကို တားဆီးပိတ်ဆို့ ရေမကစားဖို့ ၊ ပြင်းအားရှိတဲ့ ရေပိုက်တွေနဲ့ ရေကမစားဖို့ ၊ ည ၇ နာရီထက်ကျော်လွန်ပြီး ရေကစားတာမလုပ်ဖို့ ၊မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သရုပ်ပျက်အဝတ်အစား တွေနဲ့ ရေမကစားဖို့ ဆိုပြီး DKBA က အချက် ငါးချက် ထုတ်ပြန်တာပါ။

အဲဒီစည်ကမ်းချက်တွေ မလိုက်နာရင်တော့ အရေးယူမယ်လို့ DKBA ကဆိုပါတယ်။ DKBA ရဲ့ စည်းကမ်းချက်တွေကို မြို့ခံ လူထုက ဝေဖန်ပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားသုံးဆူမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ နှစ်သစ်ကူးမှာ ညအချိန်မတော်ထိ မီးရှုးမီးပန်း ဖောက်ပြီးပျော်ပါးတာကိုတော့ DKBA က တားမြစ်တာမရှိဘဲ အခုလို အများပြည်သူပျော်ရမယ့် သင်္ကြန် ပွဲတော်အတွက် စည်းကမ်းတင်းကျပ်အပေါ် မြို့ခံ တွေက ထောက်ပြတာလည်းဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ စစ်တပ်ရှေ့တန်းစခန်းရှိပေမယ့် မြို့လုံခြုံရေးကိုတော့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဗိုလ်စောအေဝမ်းအဖွဲ့က တာဝန်ယူထားပါတယ်။

ဘုရားသုံးဆူမှာ ကျားဖြန့် လုပ်ငန်းတွေရှိပြီး DKBA က ခွင့်ပြုထားတာဆိုတဲ့စွပ်စွဲချက်တွေရှိပါတယ်။

ဘုရားသုံးဆူမြို့သင်္ကြန်ပွဲတော်ကာလအတွင်း DKBA တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယူနီဖောင်းဝတ်ဆင်ပြီးစစ်လက်နက်တပ်ဆင်သွားလာတာတွေ မပြုလုပ်ဖို့၊ ရေကစားရာမှာ အရပ်ဝတ်စုံနဲ့သာ သွားလာဖို့ စတဲ့ စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီး မလိုက်နာတဲ့ တပ်ဖွဲ့ဝင်တွေကိုအရေးယူမယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ – Google Map 

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။