Connect with us

Hi, what are you looking for?

သတင်း

တမူးခရိုင်မှာ ခွင့်ပြုချက်မရှိတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ MOD စီစဉ်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ PDF စစ်ဆေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုငြိမ်း

ဧပြီ -၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီ‌ကနေ့ ဧပြီ ၁၃ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိရင် ထိရောက်စွာအရေးယူမယ်လို့လည်ူ သတိပေးထားပါတယ်။

တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ခြောက်ရင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ရှိပါတယ်။ ဒေသကာကွယ်ရေးတပ်တွေကို
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးတပ်တွေထဲက အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ မတ်လ ၂၀ရက်​မှာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပါတယ်။ NLAက ကွပ်ကဲမှုမခံယူခင်အထိတမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။ အခုအခါမှာ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့ တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ခြောက်ရင်း ရှိလာပါတယ်။

” MODကတော့ စုစည်းဖို့ ကြိုးစားနေတာတွေ့တယ်။ တော်လှန်ရေးအဖွဲ့တွေအားလုံးပေါင်းစည်းနိုင်မှ စစ်ရေးအောင်မှာလို့ ယုံတယ်ဗျ။ အဖွဲ့တွေများတော့ လူထုကို ဝန်ပိုစေတယ်”လို့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။

တမူးခရိုင်ကွပ်ကဲရေးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ
တမူးခရိုင်အတွင်းမှာ စစ်ဆေးရေးဂိတ်တွေ
၊လုံခြုံရေးဂိတ်တွေကို ခရိုင်ကွပ်ကဲရေးရုံးရဲ့ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ခြင်း မပြုကြဖို့လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ထိန်းချုပ်ဒေသက တရားမဝင်စစ်ဆေးရေးဂိတ်တွေကိုလည်း ပိတ်သိမ်းဖို့ တဆင့်ချင်းကြိုးပမ်းနေတာရှိပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။

အကောက်ခွန်ဂိတ်တွေနဲ့ပတ်သက်ပြီး ကြားကာလ ဗဟိုကော်မတီမှာ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ထားပြီးသားဖြစ်တယ်လို့လည်း ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

အခွန်ဂိတ်တွေလျော့ပေါ့ရေးပေါ့။ ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ လမ်းညွှန်ထားတာရှိပါတယ်။အဲဒီ့အတွက်ကိုဆောင်ရွက်နေတာပေါ့။ တချို့နေရာလေးတွေမှာနှောင့်နှေးတာ‌ လေးတွေရှိတယ်။ ကြန့်ကြာတာ‌ လေးတွေရှိတယ်။ တချို့နေရာတွေမှာ လည်းဆွေး‌‌နွေးနေတာ ပေါ့။ ဒီလိုမျိုးနည်းတွေနဲ့လည်းသွားနေတာပေါ့။ အခု‌ဆိုယူနစ်အစိုးရတွေလည်း ပေါ်လာပြီဆို‌တဲ့အခါကျတော့ အခွန်ဂိတ်တွေကို တတ်နိုင်သမျှလျှော့ရမယ်။ ယူနစ်နဲ့ ပြည်ထောင်စုနဲ့ ပူးတွဲပြီး မြို့နယ်နဲ့ ရသင့်ရထိုက်တာတွေလည်းရရမယ်။ ရသင့်ရထိုက်တာလည်းရမယ်။ လူထုလည်း ဝန်ထုတ်ဝန်ပိုးမဖြစ်ရဘူးပေါ့။ဒီလိုမျိုးဖြစ်အောင်လို့ အခွန်ဂိတ်လျော့‌ ပေါ့ရေး စီမံချက်ကိုကပြီးခဲ့တဲ့နှစ်၂၀၂၅ ကတည်းကချမှတ်ထားတာရှိပါတယ်။စစ်ကိုင်း
တိုင်းတစ်တိုင်းလုံးပေါ့။ မှန်ပါတယ်” လို့ ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။