Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းက စစ်တပ်စခန်းကုန်း ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက် ၂၀ကျော်သိမ်းရဟု CNDFထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။

ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းသိမ်းအပြီး ရရှိသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Chin National Defense Force

■ချင်းတော်လှန်ရေးရဲဘော် ၄ဦးကျဆုံး

ဧပြီ-၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၄ရက်မှာ စခန်းကုန်းကို ချင်းညီနောင်အဖွဲ့ဝင် CNDFနဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ဦး ကျဆုံးခဲ့ရကြောင်း ဖော်ပြထားပေမယ့် စစ်တပ်သေဆုံးထိခိုက်မှု အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်တပ်ထံက လက်နက် ၂၀ကျော်သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြအသိပေးပါတယ်။ဓာတ်ပုံပါအရ လက်နက် ၂၄လက်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် စတားလင့်၊ မြေမြှုပ်မိုင်းနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ပြန်ထိန်းချုပ်ဖို့ အင်အားအလုံးအရင်းနဲ့ လေကြောင်းပစ်ကူများစွာသုံးပြီး ထိုးစစ်ဆင်လာတာကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

အခု စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ခွန်းလီရွာ အခြေအနေတွေ မေးမြန်းဖို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နဲ့ CNDF ပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ချင်းပူးပေါင်းတပ်ဟာ အခုနှစ် ဇန်နဝါရီပထမပတ်ကလည်း ခွန်းလီကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ခွန်းလီနားတပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကုန်း ၂ခု သိမ်းရပြီး လက်နက် ၁၅လက် ရရှိခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောထားပါတယ်။

အဲဒီတုန်းက စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပေမယ့် အနီးအနားမှာ ဆက်လက်တပ်စွဲခဲ့တာဖြစ်ပြီး အခု ချင်းပူးပေါင်းတပ်က ထပ်မံ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီဟာ ဖလမ်းမြို့နယ် ပြန်ထိန်းချုပ်ဖို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ စစ်အင်အားတွေ အကြိမ်ကြိမ်ဖြည့်တင်းလျက်ရှိသလို လေကြောင်းကနေလည်း ရှေ့တန်း တပ်တွေဆီ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ချပေးတာတွေ ရှိပါတယ်။

ချင်းတော်လှန်ရေးတပ်တွေကတော့ စစ်ကောင်စီ ဖလမ်းမြို့ပြန်မရရေး အစွမ်းကုန် ခုခံတွန်းလှန်သွားမယ်လို့ ပြောကြားထားပါတယ်။

(ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းသိမ်းအပြီး ရရှိသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – Chin National Defense Force)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။