Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့မှာ သင်္ကြန်ရေကစားဖို့လာတဲ့လူငယ်ကို စစ်တပ်ပစ်သတ်လို့ သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို သင်္ကြန်ရေကစားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ-၁၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို သင်္ကြန်ရေကစားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ အတင်းအဓမ္မပြုလုပ်နေပေမဲ့ ရေကစားတဲ့သူနည်းပါးပြီး ခြောက်ကပ်နေတဲ့ ရေစကြိုမြို့မှာ မြို့အဝင်ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

​ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းက ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာကနေ မြို့ပေါ်ကို ရေလာကစားတဲ့ (၁၈)နှစ်အရွယ် လူငယ်တစ်ဦးဟာ ရွာသစ်တောရိုးနဲ့ နှစ်ထောင်ပြည့်ရပ်ကွက်အနီးမှာ ပစ်သတ်​​ဖြတ်ခံရတာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘာကြောင့်ရယ်လို့တော့ အသေအချာ မသိရဘူး။ ကင်းပုန်းတွေဝတ်နေပြီး မကြာခဏ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရတယ်”လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အသတ်ခံရတဲ့လူငယ်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

​လက်တလော ရေစကြို မြို့ပေါ်က သင်္ကြန်မဏ္ဍပ်တွေမှာ စည်ကားမှုမရှိဘဲ စစ်ကောင်စီထောက်ခံသူတချို့သာ ရှိနေပြီး မြို့အဝင်၊အထွက်တွေမှာတော့ စစ်တပ်က ကင်းပုန်းဝပ်တာနဲ့ ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းအပါအဝင် မြို့ကြီးတွေပေါ်မှာ သင်္ကြန်ပွဲကို စည်ကားအောင် ပြုလုပ်နေပြီး ကျေးရွာတွေကိုတော့ စစ်ကြောင်းထိုး မီးရှို့တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။