Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်တိုက်ပွဲအတွင်း ရန်ကုန်တပ်ရင်းက ရဲဘော် ၅ဦး ကျဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ နာရေးမြင်ကွင်း။ ဓာတ်ပုံ - ရန်ကုန် (၅၁၀၂) တပ်ရင်း

ဧပြီ ၁၈၊၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန် (၅၁၀၂)တပ်ရင်း၊ တပ်ခွဲ (၁)မှာ ချေမှုန်းရေးတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဝေဠု ၊ တပ်ရင်းတပ်ထောက်ဌာနမှာ တပ်ထောက်တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ဖိုးသား၊တပ်ခွဲ (၂) မှာ ချေမှုန်းရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်အဖိုးကြီး တပ်ခွဲ ( ၂)မှာ ချေမှုန်းရေး တာဝန်ထမ်းဆောင် နေတဲ့ ရဲဘော်တာတေကြီးနဲ့ တပ်ခွဲ(၂)မှာ ချေမှုန်းရေး တာဝန်ထမ်းဆောင် နေတဲ့ ရဲဘော်ဆန်းကြီးတို့ဟာ ဧပြီ ၁၂ ရက်မှာ ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။

“ မနက်ပိုင်းမှာ ၂ ဦးကျဆုံးပြီး ညနေပိုင်းမှာ ၂ ဦးထပ်ကျဆုံးပါတယ်။ တစ်ဦးကတော့ဆေးရုံရောက်ပါတယ်။ဆရာဝန်တွေလည်းအဝော်ကလေးကြိုးစားပေးခဲ့ကြပေမယ့် စိတ်မကောင်းစွာနဲ့ပဲကျဆုံးသွားပါတယ် “ လို့ ရန်ကုန် (၅၁၀၂)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကျင်မြို့နယ်က စစ်တပ်ရဲ့ လက်ယက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပြီးနောက် ဆက်လက် ဖြစ်ပွါးနေတဲ့တိုက်ပွဲအတွင်းမှာ ရဲဘော်တွေ ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ဦးဟာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲထဲမှာ တော်လှန်ရေးက ပေးအပ်ထားတဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ သူရဲကောင်းအာဇာနည်တွေအဖြစ် ဦးညွှတ်ဂုဏ်ပြုတယ်လို့ ရန်ကုန် (၅၁၀၂)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဧပြီ ၇ ရက်မှာ ရွှေကျင်မြို့နယ်က စစ်တပ်ရဲ့လက်ယက်စခန်း (ပွိုင့် ၁၂၈စခန်း) ကိုတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

လက်ယက်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က သေဆုံးရုပ်အလောင်း ၈လောင်း နဲ့ထိခိုက်ဒဏ်ရာရသူ ၃၀ ရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ထုတ်ပြန်ထားပါတယ်။

လက်ယက်စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ​​ တပ်ရင်းတွေ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်းတွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့ပူးပေါင်းသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျ‌ရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့​ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်​တော့ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး