Connect with us

Hi, what are you looking for?

သတင်း

မကွေးမှာ အပူချိန်မြင့်လို့ သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံး

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ရေနံချောင်းမြို့က သေဆုံးသူအား ၎င်း၏ နေအိမ်ပို့ဆောင်နေစဥ်။ ဓာတ်ပုံ - KS Rescue Magway

ဧပြီ-၂၀၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မနေ့က ဧပြီ ၁၉ရက်က ရေနံချောင်းမြို့မှ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ မူးလဲလို့ ဆေးရုံခေါ်လာချိန် မကွေးဆေးရုံကြီးသို့ အရောက်မှာ ဦးနှောက်သွေးကြောပြတ် ဆုံးပါးသွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“သူ့အိမ်မှာ မီးဖိုချောင်ထဲ ထမင်းဟင်း ချက်နေရင်း ပစ်လဲကျသွားတာ။ ဦးနှောက်သွေးကြော ပြတ်သွားခြင်း ဖြစ်ပါတယ်”လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မကွေးမြို့ပေါ်က အသက်(၆၀)ကျော် အမျိုးသားတစ်ဦးလည်း အပူဒဏ်ကြောင့် သတိလစ်လဲကျသွားလို့ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း လူမှုကူညီရေးအသင်းဝင် တွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၂၀ ရက်မှာလည်း မကွေးမြို့ပေါ်မှာ ဆေးရုံတက်နေတဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ အသက်(၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း အပူရှိန်ကြောင့်ပဲ ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မနေ့က ဧပြီ ၁၉ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ နေ့အပူချိန်တွေအနက် မကွေးတိုင်းက မြို့ ၅ မြို့ ပါဝင်ခဲ့ပါတယ်။ အပူချိန်တွေဟာ ချောက်မြို့မှာ ၄၃.၂ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့မှာ ၄၂.၈ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့မှာ ၄၂.၄ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ၄၂.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မန္တလေးမြို့နဲ့ ညောင်ဦးမြို့တို့မှာ ၄၁.၅ ဒီဂရီ ဆဲလ်စီးယပ်စီ၊ အောင်လံမြို့မှာ ၄၁.၄ ဒီဂရီဆဲလ်စီးယပ်နဲ့ တံတားဦး(လေကြောင်းမိုးလေဝသ)၊ သာယာဝတီမြို့၊ ပခုက္ကူမြို့၊ တောင်တွင်းကြီးမြို့နှင့် မြင်းမူမြို့ တို့မှာ ၄၁.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ရှိခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးလေဝသဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဖရိကတိုက်ရဲ့ အပူချိန် မြင့်တက်လာမှုကြောင့် သဲကန္တာရတွေမှာ ရှင်သန်ကျက်စားနိုင်တဲ့ ကုလားအုတ်တွေတောင် တောင့်မခံနိုင်ဘဲ သေဆုံးကုန်ကြောင်း သိရပါတယ်။