Connect with us

Hi, what are you looking for?

သတင်း

ရေဘေး ဆက်တိုက်ကြုံနေရတဲ့ ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

(ရှမ်းတောင်မှာ တောင်ကျရေကြောင့် ရေကြီးမှု ဖြစ်နေစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၇၊၂၀၂၆။စိုင်းနော်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

ရွှေညောင်မြို့မှာ ဇွန်လ ၅ရက်နဲ့ ၆ ရက်က မိုးကြီးခဲ့ပြီး တာယောချောင်းရေလျှံတာကြောင့် ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

” တောင်လေးလုံးဘက်မှာ အဆိုးဆုံးဖြစ်တာပဲ။ တောင်ကျရေတွေကချောင်းထဲကိုဝင်ပြီးချောင်းရေလျှံတာ။ လူအသေပျောက်သတင်းမကြားရပေမယ့် ထိခိုက်တာတော်တော်များတယ်” လို့ ရွှေညောင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ဇွန်လ ၇ရက် မနက်ပိုင်းမှာ ရေပြန်ကျသွားပေမယ့် မိုးဆက်ရွာမယ့် သတိပေးချက်ကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ပြီးခဲ့တဲ့မေလကလည်း မိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုနဲ့ မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

မေလ ၁၂ရက်မှာ‌ မိုးကြီးပြီး ပင်းတယမြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့လို့ စျေးသည် ၁ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။မေလ ၁၃ရက်နေ့မှာတော့ တောင်ကြီးမြို့၊ တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်ဖြစ်ခဲ့ပါတယ်။ မေလ ၂၁ရက်မှာ ဆီဆိုင်မြို့နယ်အတွင်း မိုးကြိုးပစ်လို့ နွား ၄၉ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ယခုရက်ပိုင် မိုးရွာတဲ့အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ယာစိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဟာ မိုးတွင်းကာလရောက်တိုင်း ရေဘေးနဲ့မြေပြိုမှုဘေးကို နှစ်စဉ်ရင်ဆိုင်နေရပါတယ်။ ၂၀၂၄ ခုနှစ် မိုးရာသီကာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးပြီးရေဘေးနဲ့ မြေပြိုမှု ဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသလို ၂၀၂၅ မိုးရွာသီကလည်း ရေဘေးကြုံတွေ့ခဲ့ပါတယ်။

လက်ရှိ ဇွန်လဆန်းပိုင်းအတွင်း နေရာကွက်မိုးကြီးမှုကြောင့် ရန်ကုန်မြို့မှာလည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သလို မန္တလေးတိုင်းထဲကမြို့နယ်အချို့မှာလည်း တောင်ကျရေကြောင့်ရေ ဘေးကြုံတွေ့ခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ယခုရက်ပိုင်း လေဖိအားနည်းရပ်ဝန်းထပ်မံ ဖြစ်ပေါ်နေပါတယ်။လေဖိအားနည်း ရပ်ဝန်းအရှိန်နဲ့ အနောက်တောင်မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့မှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲမွန်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Facebook