Connect with us

Hi, what are you looking for?

သတင်း

ဖြူးမှာ ပျူစောထီးတွေလက်ချက်ကြောင့် (၇)နှစ်အရွယ် ကလေးငယ် သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်မှုကြောင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ပျူစောထီးတွေ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ်။ ဓာတ်ပုံ - CJ)

ဧပြီ-၂၉၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်မှုကြောင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြူးမြို့နယ်၊​ ဝဲဒေါင့်အလယ်ရွာမှာ ဧပြီ ၂၈ ရက်က စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးဖို့အတွက် ဆိုင် ကယ်မောင်းလာတဲ့ လူငယ်နှစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဆိုင်ကယ်မောင်းလာတဲ့ လူငယ်တွေဟာ မရပ်တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်လိုက်တဲ့ကျည်ဟာ ဝဲဒေါင့်အလယ်ရွာက (၇)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

” ဖြူးမှာက ကားနှစ်စီးနဲ့ မနက်ခင်း မိုးလင်းထဲက ညထိ လိုက်ဖမ်းတာ။ အဲ့ကားနှစ်စီးကို မြို့ကလူတွေအားလုံးကသိပြီးသွားပြီ အဲ့ကားက လိုက်ဆွဲတဲ့ ကားဆိုတာ။ အဲ့ရွာဘက်ကို အဲ့ကားရောက်တဲ့ချိန်မှာ အဲ့ကားက ကောင်လေးတွနားရပ်တော့ ကောင်လေးတွေက ထွက်ပြေးတာ။ လှမ်းပစ်တဲ့အချိန်မှာ ကောင်လေးပြေးတဲ့ အိမ်နားက ကလေးကို မှန်သွားတာ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျည်ထိမှန်ခဲ့ရတဲ့ ကလေးငယ်ဟာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဖြူးမြို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် စခန်းမှူးက အမှုမဖွင့်ပေးခဲ့ဘူးလို့ သိရပါတယ်။

” ရဲစခန်းကိုသွားတော့ အမှုဖွင့်တိုင်ကြားလို့မရဘူးပြောတယ်။ စခန်းမှူးက အိမ်ပြန်ပြီး နာရေးကိစ္စအရင်လုပ်ပါလို့ ပြောလိုက်တာ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဝဲဒေါင့်အလယ်ရွာဟာ ရန်ကုန်- မန္တလေးလမ်းဟောင်းဘေး ဖြူးမြို့အထွက် ဖြူးချောင်းအကျော်မှာ တည်ရှိတဲ့ ရွာလည်းဖြစ်ပါတယ်။

ဖြူးမြို့နယ်မှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေက လူငယ်တွေကို မကြာခဏဆိုသလို ပေါ်တာဆွဲတာတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

” လောလောဆယ် ဖြူးနယ်မှာ ဖြစ်နေတာက အဲ့တစ်ခုတင်မဟုတ်ဘူး ။ ၇ နှစ်ကျော်ကလေးထိသွားလို့ သတင်းထွက်လာတာ။ ဟိုမှာက အဲ့ထက်ဆိုတဲ့ အခြေအနေဖြစ်နေတာ။ သူတို့ လိုက်ဆွဲတဲ့ ကားနှစ်စီးက တစ်စီးက အနက်ရောင် တစ်စီးက ခဲရောင်။ ကားပေါ်မှာတော့ အုပ်ချုပ်ရေးမှုးတွေ ၊ ပျူစောထီးအမည်ခံတဲ့ ကောင်တွေကော အမည်မခံတဲ့ ကောင်တွေကောပါတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူတစ်ဦးကို ကျပ် ၁၅ သိန်း ၊ သိန်း ၂၀ စတဲ့ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။