Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ ခလရ(၂၅၈)တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်တပ်ရဲ့ခလရ(၂၅၈)တပ်ရင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရေစကြိုအခြေစိုက် တော်လှန်ရေးရဲဘော်တွေကို တွေ့ရစဥ်။ဓာတ်ပုံ - Southren YSO PDF

မေ-၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်တပ်ရဲ့ခလရ(၂၅၈)တပ်ရင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ရက်က ခလရ (၂၅၈)တပ်ရင်းအခြေစိုက်ရာ ရေစကြိုမြို့ အနောက်ခြမ်း ဖူလုံကျေးရွာကနေ ရေစကြို-ပခုက္ကူလမ်းပိုင်းကို အင်အား ၁၈၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာချိန် တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းကို ရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအပြင် လက်နက်ခဲယမ်းအချို့လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းကို ကိုအောင်မောင်းတို့ တိုက်တာ။စစ်ရေးအရ အောင်မြင်တာတွေရှိတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ Southern YSO PDF တပ်ဖွဲ့ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းက နေအိမ် ၃၀၀ဝန်းကျင်ရှိတဲ့ တောင်အိုကျေးရွာကို ဒီကနေ့ မေလ ၂ရက်အထိ မီးရှို့နေတယ်လို့ လည်း သိရပါတယ်။

“၂၅၈ တပ်ကနေ အင်အား ၁၈၀လောက်နဲ့ထွက်လာတော့ တိုက်ခိုက်ခံရတာမှာ အထိအခိုက်ရှိတယ်။အဲဒါကြောင့်မီးရှို့တာ”လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မေလ ၁ရက်က မီးရှို့မှုအတွင်း တောင်အိုကျေးရွာက နေအိမ်၃၀ဝန်းကျင် ပျက်စီးဆုံးရှုံးပြီး ဒီကနေ့(မေလ ၂ ရက်)မှာလည်း စစ်တပ်က တောင်အိုကျေးရွာကို ဆက်မီးရှို့နေတယ်လို့ ရေစကြိုတောင်ပိုင်းထောက်ပို့အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ဘက်ကနေလည်း စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ ပခုက္ကူ-ရေစကြိုလမ်းပိုင်းက ကျောက်လှေခါးကျေးရွာအတွင်း စုဖွဲ့ရောက်ရှိနေတယ်လို့ အသိပေးပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေအရ စစ်တပ်က ပခုက္ကူ-ရေစကြို လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုပမ်းနေတာလို့ ဒေသခံသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

“စစ်တပ်ရဲ့ အရေးပေါ်ကြေညာထားတဲ့ မြို့နယ် ၆၀မှာ ရေစကြိုမြို့နယ်ပါတယ်။အဲဒါကြောင့်လည်း နယ်မြေရှင်းလင်းမယ့်ပုံစံမျိုး”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက စစ်တပ်နဲ့ဆက်နွယ်တဲ့ အရက်ဘီယာ ကုန်တင်ယာဥ်အပါအဝင် ပခုက္ကူလေဆိပ်မှာအသုံးပြုမယ့် သစ်ကားတွေကို ဒေသခံတပ်ဖွဲ့ Southern YSO PDFက သိမ်းနိုင်ခဲ့တာရှိပါတယ်။

ရေစကြိုမြို့အနောက်ဘက် (၂)မိုင်ခန့်အကွာ ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ အမှတ် -၂၅၆၊ ၂၅၇နဲ့ ၂၅၈ ခြေလျင်တပ်ရင်းတွေရှိပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။