Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၅၆၁)ခြေမြန်တပ်ရင်း(ခမရ-၅၆၁) အနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၂)တပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ။ ဓာတ်ပုံ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့

မေ -၃၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၅၆၁)ခြေမြန်တပ်ရင်း(ခမရ-၅၆၁) အနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၂)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ရက်ကစပြီး မေလ ၁ရက်အထိ ခမရ(၅၆၁)တပ်ရင်းအနီးက ဘန်လောကျေးရွာနဲ့ (၆)မိုင် အနီးဝန်းကျင်အပါအဝင် မြို့အနီးက လယ်တောင်ယာကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာလို့ ဆိုပါတယ်။

“မြို့ကနေ ခမရ(၅၆၁)ကို စစ်တပ်က တိုက်ရိုက်မဆင်းနိုင်ဘူး။တနင်္သာရီမြစ်ကနေတဆင့် ရိက္ခာလမ်းကြောင်းပို့ ရတာ။ခမရ (၅၆၁)က ညောင်ပင်ကွင်းကျေးရွာမှာ အခြေစိုက်တယ်။မြစ်ကမ်းဘေးက ဘန်လောရွာနဲ့ အဲဒီကနေ ငါးမိုင်-ခြောက်မိုင်နဲ့ထုံတော် ရွာနဲ့ကတဆက်တည်းပဲ”လို့ တနင်္သာရီမြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဥ်တွေအရ စစ်တပ်က ဗောဓိကမ်းတံတားဘက်ကနေ ခမရ(၅၆၁)တပ်ရင်းပို့မယ့် ဆီပီပါကုန်တင်ယာဉ်ကို ဘန်လောကျေးရွာနဲ့ ငါးမိုင်ရွာကြားမှာ တော်လှန်ရေးပူးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ခြောက်မိုင်ရွာအနီး ထပ်မံတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ယာဥ်ပျက်စီးခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်မှုအချို့ရှိခဲ့ပေမယ့် ယာဥ်ကို မသိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဘန်လောရွာလမ်းဆုံအနီး ရာဘာတောအတွင်းမှာလည်း မိနစ် ၂၀နီးပါးထိတွေ့ မှုဖြစ်ခဲ့ပြီး စစ်တပ်က ထိခိုက်သူ လေးဦးထက်မနည်းရှိတယ်လို့ ဖော်ပြပါတယ်။

လယ်တောင်ကျေးရွာကနေ လမ်းကင်းယူပြီးတနင်္သာရီမြို့ကို ပြန်ဆုတ်လာတဲ့ စစ်တပ်ကိုလည်း မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ-၂နဲ့ တောင်ပံနီအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၃၀ရက်ကလည်း နှစ်ဖက်တိုက်ပွဲအတွင်း ခြောက်မိုင်ရွာက (၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တာရှိတယ်လို့ သိရပါတယ်။

လက်တလော တနင်္သာရီမြို့နယ်မှာ စစ်ရေးအခြေအနေတွေအရ ဒေသခံနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြန်မာ- ထိုင်း နယ်စပ်ကုန် သွယ်ရေးစခန်း တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။