Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး အနည်းငယ်ထပ်ကျ

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

(မေလ ၈ရက်နံနက်က Maxဆီဆိုင်မှာ တွေ့ရတဲ့ စက်သုံးဆီဈေးနှုန်း။ ဓာတ်ပုံ - PS)

မေ-၈၊၂၀၂၆။ရောင်နီ/People’s Spring

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

အပတ်စဉ်သောကြာတိုင်း သတ်မှတ်တဲ့ စစ်တပ်ရဲ့ ရည်ညွှန်းဈေးအရ ဒီနေ့(မေ ၈) ရန်ကုန်မြို့မှာ စက်သုံးဆီဈေး ဓာတ်ဆီ ၉၂ တစ်လီတာ ၄၅၀၀ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၆၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၅၀၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၆၀၇၀ကျပ် သတ်မှတ်ထားပါတယ်။

ဒီဈေးတွေက ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် ၉၂ တစ်လီတာ ၁၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၂၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၃၈၅ ကျပ် ကျသွားတာပါ။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းစတင်ပြီး ပြည်တွင်းစက်သုံးဆီဈေးက ခြောက်ပတ်ဆက်တိုက် တစ်ပတ်ကို ရာဂဏန်းကနေ ထောင်ဂဏန်းအထိ မြင့်တတ်ခဲ့တာပါ။

အဲဒီ့ခြောက်ပတ်အတွင်းမှာ ပျမ်းမျှအားဖြင့် စက်သုံးဆီ အမျိုးအစားအလိုက် ကျပ် ၂၄၀၀ ကျော်ကနေ ကျပ် ၅၀၀၀ အထိ မြင့်တတ်ခဲ့ပြီး ရန်ကုန်မြို့မှာ စက်သုံးဆီဈေး သက်တမ်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။

လက်ရှိ သုံးပတ်ဆက်ကျခဲ့တဲ့စက်သုံးဆီ ဈေးကတော့ အမျိုးအစားအလိုက် ၄၀၀ကျပ် ကနေ ၁၇၀၀ ကျပ် လောက်ပဲကျခဲ့တာကြောင့် သိသိသာသာ ကျဆင်းတာမဟုတ်ဘူးလို့ ပြောဆိုနေကြတာပါ ။

“ဆီဈေးအတတ်အကျက ယုန်နဲ့လိပ်အပြေးပြိုင်သလိုပဲ။ ဆီဈေးတတ်တတ်ချင်းတာထွက်ရင်တော့ တတ်လိုက်တဲ့ဆီဈေး တစ်ခါတတ် တစ်ထောင်နီးနီး ၊ ပွဲပြီးခါနီးလည်းကျ လိုချင်တဲ့ဈေးရောက်တော့ အိပ်ပြီလေ။ ဆီဈေးကအဲ့ကျ ကိုရွှေလိပ်လို တအိအိနဲ့ဆယ်ဂဏန်းလောက်အကျပြရော ။ ကျပါလားတတ်တုန်းကလို ” လို့ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဆီဝယ်ယူရာမှာတော့ သင်္ကြန် ကျော်ကာလကစတင်ပြီး စက်သုံးဆီဆိုင်တွေမှာ အချိန်အကြာကြီးတန်းစီရတာမရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။