Connect with us

Hi, what are you looking for?

သတင်း

အရပ်သားနေထိုင်ရာတွေ ပစ်မှတ်ထားတိုက်ခိုက်နေမှု ရပ်တန့်ဖို့ ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ပြော

အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်နေမှု လုပ်ရပ်တွေ ရပ်တန့်ဖို့လိုအပ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်နေမှု လုပ်ရပ်တွေ ရပ်တန့်ဖို့လိုအပ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

မေ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်နေမှု လုပ်ရပ်တွေ ရပ်တန့်ဖို့လိုအပ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

မေလ ၈ရက် ဖားကန့်မြို့နယ် တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က ပြည်သူနေထိုင်ရာနေရာတွေကိုပါ တိုက်လေယာဉ်နဲ့ဗုံးကြဲတာ၊ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်တာ ပြုလုပ်ခဲ့တဲ့ ရုပ်သံတွေ ထွက်ပေါ်လာတဲ့အပေါ် အခုလို ပြောကြားတာဖြစ်ပြီး အဲဒီ လုပ်ရပ်တွေဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။

“အထူးသဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ လူ့အခွင့်အရေးစံနှုန်းများကို ချိုးဖောက်နိုင်သည့် လုပ်ရပ်များဖြစ်ပါတယ်။မည်သည့် လက်နက်ကိုင်ပဋိပက္ခမဆို အရပ်သားများ၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်ရမည်ဖြစ်ပြီး၊ ပြည်သူများနေထိုင်ရာဒေသများကို မရွေးချယ်ဘဲ တိုက်ခိုက်ခြင်းများ ချက်ချင်းရပ်တန့်ရန် လိုအပ်ပါတယ်။ ထို့အပြင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်လည်း အရေးကြီးပါတယ်။” လို့ ကိုဂျေကော့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့နယ် လုံးခင်းဒေသကို စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ကနေ ၈ရက်နေ့အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး သေဆုံးထိခိုက် ၂၀ဦးကျော်ရှိကာ လက်နက်တွေ သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး ဒီလို တိုက်ခိုက်ရာမှာ ပြည်သူတွေနေထိုင်ရာကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ကချင်ဒေသခံတွေကရုပ်သံမှတ်တမ်းတွေ ဖော်ပြ အသိပေးပါတယ်။

KHRW ရဲ့ မေလ ၈ရက် ထုတ်ပြန်ချက်မှာလည်း စစ်အုပ်စုဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ပြည်သူနေထိုင်တဲ့ ဒေသအနီးတဝိုက် စစ်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အရပ်သားနေထိုင်ရာတွေ ပစ်မှတ်ထားတိုက်ခိုက်နေမှု ရပ်တန့်ဖို့ ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ပြော မေ ၁၀၊ ၂၀၂၆။…

Posted by People's Spring on Saturday 9 May 2026

ရုပ်သံ – Naw Tu Awng

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထုတ်ပြန်ခဲ့ပြီး စစ်တပ်က...

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

မေးမြန်းခန်း

ကောင်ဂျာရွာကို ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်​ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး KHRW ပြောရေးဆိုခွင့်ရှိသူကိုဂျေကော့ကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ်။