Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့် ထိုင်းဘက်က တင်းကြပ်

မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့်ကို ထိုင်းနိုင်ငံဘက်က တင်းကြပ်လိုက်တယ်လို့ မြဝတီဒေသခံတွေနဲ့ အဆိုပါတံတားကူးနေသူတွေက ပြောပါတယ်။

မေ -၁၁၊၂၀၂၆။ဇော်ဝင်း/People’s Spring

မြဝတီ-မဲဆောက်အမှတ်(၁) တံတားဖြတ်သန်းခွင့်ကို ထိုင်းနိုင်ငံဘက်က တင်းကြပ်လိုက်တယ်လို့ မြဝတီဒေသခံတွေနဲ့ အဆိုပါတံတားကူးနေသူတွေက ပြောပါတယ်။

မြဝတီဘက်ခြမ်းကတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကူးသန်းမယ့်သူတွေပေးရမယ့် အာမခံကြေး တိုးသွားတာနဲ့ ​မြန်မာကားတွေ ဖြတ်သန်းခွင့် အခေါက်ရေ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

မဲဆောက်မြို့ကို ပထမဆုံးအကြိမ် တံတားကူးမယ့်သူတွေအတွက် ထိုင်း-မြန်မာ မော်တော်ယာဉ်မောင်း ဒါမှမဟုတ် ထိုင်းနိုင်ငံသား တစ်ဦးဦးကို အသုံးပြုပြီး တံတားကူးအာမခံလုပ်ဖို့ ထိုင်းလူဝင်မှုကြီး ကြပ်ရေးဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“အာမခံကြေးကတော့ ထိုင်းဘက်က ကောက်တာမဟုတ်ပေမယ့် သူတို့ဘက်က ထိုင်းကိုဝင်မယ်ဆို အာမခံပေးမယ့်သူမဖြစ်မနေ ပြဖို့တောင်းတယ်။ဘာလို့ အာမခံပေးရတာလဲဆိုတော့ မဲဆောက်ဝင်ပြီး ပြန်မထွက်တော့တာတွေရှိလာတယ်။အဲဒါကြောင့် အာမခံ ပေးမယ့်သူတွေလည်းရှားလာတယ်။ အာ မခံကြေးက စျေးတက်လာတယ်”လို့ မြဝတီ ဒေသခံတစ်ဦးက ပြောပါတယ်။

အာမခံကြေးဟာ အရင်က ဘတ် ၅၀၀ကနေ ၁,၀၀၀ ဝန်းကျင်ကနေ အခု ဘတ် ၂,၀၀၀ ထက်မနည်း ရှိလာတယ်လို့ သူက ပြောပါတယ်။

တံတားဖြတ်သန်းခွင့်သက်မှတ်ရက်ပြည့်ပြီး ပြန်မလာပါက အာမခံသူကို ယာဉ်ပြေးဆွဲခွင့်ရပ်နားခြင်းနဲ့ ယာဉ်မောင်းလိုင်စင်ကို ထိုင်းအာဏာပိုင်တွေက သိမ်းယူတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူက ဆိုပါတယ်။

“မဲဆောက်ပို့လိုက်ပြီး ပြန်ထွက်မလာတော့ လို့ လူရော ၊ ကားရော သုံးလ ထိုင်းဘက်ဝင်ခွင့်ပိတ်ခံလိုက်ရတဲ့အပြင် နောက်ထပ်အာမခံခွင့်ပါ ဆုံးရှုံးသွားတယ်”လို့ သူက ပြောပါတယ်။

တရားဝင် သတ်မှတ်ချက်တွေအရ ခုနစ်ရက်သက်တမ်း လက်မှတ်အတွက်တံတားကူးခအနေနဲ့ မြန်မာဘက်ခြမ်းမှာ ကျပ်နှစ်ထောင်ပေးရပြီး ထိုင်းဘက်ခြမ်းကို ဘတ် ၄၀ ပေးရပါတယ်။

“မြန်မာဘက်ခြမ်းကစကူးမယ်ဆိုရင် ဖြတ်ဖူးတဲ့သူဆိုရင် မြန်မာမှတ်ပုံတင်Smart Card ထိုင်းတံတားဘက်ခြမ်းက Smart Card စစ်တယ်။ မဖြတ်ဖူးတဲ့သူဆိုရင် မှတ်ပုံတင် မြန်မာsmart card ရှိရမယ် ကလေးလူကြီးပိုင်းဆိုရင်မရစ်မစစ်ပေမယ့် လူငယ်လူလတ်ပိုင်းဆို စစ်မယ်ရစ်တယ်”လို့ မကြာသေခင်ရက်ပိုင်းက မြဝတီ-မဲဆောက် အမှတ်(၁၀တံတားကူးခဲ့သူ တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ အိမ်နီးခြင်းထိုင်းနိုင်ငံကို နယ်စပ်ပေါက်ကနေ သွားရောက်နေကြတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းထဲမှာပဲ ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။