ဩဂုတ်−၃၀၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ဒီကနေ့(ဩဂုတ် ၃၀ရက်) နေ့လယ် ၃ နာရီ၀န်းကျင်က ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောဂါဝေဒနာအတွက် ဆေးဝါးကုသနေစဉ် ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၆၂)နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။
“ဟုတ်ပါတယ်။ကွယ်လွန်သွားတာ”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဦးဗညားက အတည်ပြုပါတယ်။

Public Service Announcement
လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ရဲ့ ဈာပနကို ဘယ်မှာဆောင်ရွက်သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို အုတ်မြစ်ချခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှာ အတွင်းရေးမှူး (၂)အဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ကရင်နီပြည်နယ်အတွင်းရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် အဓိကပါဝင်လှုပ်ရှားခဲ့ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ တော်လှန်ရေးကာလမှာ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖို့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ဖို့နဲ့ နိုင်ငံရေးအရ ဦးဆောင်မှုတွေမှာလည်း ပါ၀င်သူ ဖြစ်ပါတယ်။


















































