Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီး တိုက်ပွဲပြင်းထန်

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(မိုးဗြဲ PDFက ရဲဘော်တွေကို စစ်မြေပြင်တခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Mobye PDF)

မေ -၁၅၊၂၀၂၆။မိုမို/People’s Spring

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ၁၃ ရက်မှာစစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းအဖွဲ့

က မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကာ စစ်တပ်စစ်ကြောင်းတွေ နောက်ပြန်ဆုတ်သွားရတယ်လို့ ရှမ်းတောင်နဲ့ ကရင်နီအခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“မိုးဗြဲစက်တော် လွယ်ဝိုင်းဘက်ကို စစ်ကြောင်းထိုးလာလို့ ထိတွေ့မှုဖြစ်တာပါ။ တိုးလိုက်ဆုတ်လိုက်ပဲ။အခြေနေက ဆိုင်ထားတဲ့အခြေနေပါ”လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ PN တပ်အင်အား အများအပြားသုံးထားတာကိုတွေ့ရတယ်လို့လည်း မြေပြင်မှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

“စစ်တပ်နဲ့ PNO ပူးပေါင်းအင်အားကိုကြည့်ရင် PNOက ပိုများနေတာတွေ တွေ့ရပါတယ်။လောလောဆယ်သူတို့အထိနာလို့ပြန်ဆုတ်သွားပါတယ်”လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း တားဆီးတိုက်ခိုက်မှုအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ မိုးဗြဲတာဝန်ရှိသူအချို့က လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

မိုးဗြဲမြို့ကို စစ်တပ်က ၂၀၂၅ ဇူလိုင်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မိုးဗြဲမြို့အနီးကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။