Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့အနီး တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့အနီးမှာ လက်တလော တိုက်ပွဲပြင်းထန်နေကြောင်း ကန်ပက်လက်မြို့ပြည်သူကအုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ဒီကနေ့ မေလ ၂၁ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

(ချင်းတော်လှန်ရေးတပ် ရဲဘော်တွေ ကန်ပက်လက်မြို့ရဲစခန်းသိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်)

မေ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ကန်ပက်လက်မြို့အနီးမှာ လက်တလော တိုက်ပွဲပြင်းထန်နေကြောင်း ကန်ပက်လက်မြို့ပြည်သူကအုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ဒီကနေ့ မေလ ၂၁ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က ဆောမြို့နယ်ကနေ ကန်ပက်လက်မြို့နယ်ကို မေလ ၁၈ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ မြို့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေလ ၂၁ရက်မှာ မြို့အနီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ အသိပေးလာသလို ပြည်သူတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးပေးဖိုပ အကူအညီတောင်းဆိုထားပါတယ်။

“ကန်ပက်လက်မြို့နယ်အတွင်းရှိမိဘပြည်သူများနှင့်ပြည်တွင်းပြည်ပရောက်ကန်ပက်လက်သူကန်ပက်လက်သားများအနေဖြင့် လက်ရှိတွင်ကန်ပက်လက်မြို့နီးနားအတွင်းတိုက်ပွဲပြင်းထန်နေပါသဖြင့် ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်အလှူငွေထည့်ဝင်ပေးခြင်းအားဖြင့်သော်လည်းကောင်း၊ဆုတောင်းပေးခြင်းအားဖြစ်သော်လည်းကောင်း၊အင်တိုက်အားတက်ပါဝင်ကူညီပေးကြပါရန်တောင်းဆိုပါသည်” လို့ ရေးသားဖော်ပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ရေး အခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ စစ်တပ်ဟာ ချင်း-မကွေး အစပ် ဆောမြို့နယ်ဘက်ကို အခုလအတွင်း စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“ဆောကနေ တက်ကြကတည်းက နေ့တိုင်း ဖြစ်နေကြတာပါ” လို့ ချင်းသတင်းရင်းမြစ်တဦးက ကန်ပက်လက်မြို့နယ် တိုက်ပွဲ အခြေအနေကို ပြောပါတယ်။

ကန်ပက်လက်မြို့နယ်ကို ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ CPU/CPA အနေနဲ့ လတ်တလော ချင်းဒေသစစ်ရေး အခြေအနေတွေကို လိုအပ်ပါက သတင်းထုတ်ပြန်သွားဖို့ရှိပြီး စစ်ရေး အခြေအနေတွေကို မီဒိယာမှာ ဖြေကြားပေးဖို့ မရှိကြောင်း အဖွဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က လူမှုကွန်ရက်က တဆင့် အသိပေးထားပါတယ်။

စစ်တပ်ဟာ တစ်နှစ်ခွဲကျော် လက်လွှတ်ထားရတဲ့ ချင်းတောင်ပိုင်းကို အခု မေလ တတိယပတ်မှာ စတင်ထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။

ကန်ပက်လက်ကို မြေပြင်ထိုးစစ်ဆင်နေတဲ့အပြင် ယနေ့ မနက်မှာ မြို့အနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကန်ပက်လက်နဲ့ နယ်မြေဒေသ ဆက်စပ်နေတဲ့ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်လျက်ရှိနေသလို ကန်ပက်လက်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ မကွေးတိုင်း ဆောမြို့နယ်အတွင်း စစ်အင်အားဖြည့်တာ ရိက္ခာခဲယမ်းတွေ လေကြောင်းက ဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook