Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းစစ်ဌာနက ၁လအတွင်း တိုက်ပွဲအကြိမ် ၄၀ကျော် ဖော်ဆောင်၊ စစ်တပ် ၃၀ကျော် သေ

ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိဟု PDF စစ်ရုံးချုပ် ထုတ်ပြန်

(မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)

ဇွန်-၄၊ ၂၀၂၆။/ဒီးဒီPeople’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေများကို ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မေလ ၂၂ ရက်မှာ မိတ္ထီလာအခြေစိုက် တပ်မ(၉၉)မှ ချောက်မြို့ က.ပ.စ(၂၁)ထွက်ခွာလာတဲ့ ယာဉ်တန်း (၅)စီးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မေလ ၂၆ရက်မှာလည်း ချောက်မြို့အခြေစိုက် ခလရ (၁၃)ကနေ က.ပ.စ(၂၁) ထွက်ခွာလာတဲ့ ခဲယမ်းသယ်ဆောင်တဲ့ ယာဉ် (၂)စီးကိုလည်း ခြုံခိုတိုက်ခိုက်ခဲ့တဘ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂၆ ရက်မှာဘဲ ဆိပ်ဖြူမြို့မှတဆင့် က.ပ.စ(၂၁) အင်အားဖြည့်တင်းဖို့ ဦးတည်ထွက်ခွာလာတဲ့ ရန်သူ့စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် (၂)စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မေလ စတုတ္ထပတ်အတွင်းမှာလည်း သရက်ခရိုင်တပ်ရင်း (၃)က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ (၅၉၉)တပ်ရင်းမှ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ကာ ဗိုလ်မှူးအောင်ဖြိုးဝေ နဲ့ ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ဖုန်း (၃)လုံးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ အသ်ိပေးထားပါတယ်။

ဒါ့အပြင် မေလ ၂၉ ရက်မှာ နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင် လည်း စစ်ဆင်ရေးနယ်မြေတနေရာတွင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

မေလ စတုတ္ထပတ်အတွင်း ပုံတောင်တောင်ကြောမှတဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁,၀၀၀ခန့်ရှိ စစ်ကြောင်းနဲ့ ယာယီထိုင်စခန်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဇွန်လ ၃ရက်မှာ မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း နဲ့ သရက်ခရိုင်တပ်ရင်း (၄) တို့ တိုက်ပွဲများ ဖြစ်ပြီး သုံ့ပန်း ၁၅ဦးနဲ့ သေနတ် (၁)လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် မေလ ဒုတိယအပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း PDF တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။