ဇွန် -၃၊၂၀၂၆။မိုမို/People’s Spring
ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
သာဂရ-ကိုးပင် လမ်းပိုင်းတနေရာမှာ ရှောင်တခင်စစ်ဆေးမှုအတွင်း ဘဝသစ်အကျဉ်းထောင် အကျဉ်းဦးစီးအရာရှိ သက်စိုးနဲ့ ထောင်တန်းစီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားကို မေလ ၁ ရက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” မိမိတို့သရက်ခရိုင် အမှတ်(၅)တပ်ရင်းမှ PDF SOLDIERS များသည် ၁ ရက် ၅ လ ၂၀၂၆ ခုနှစ်တွင် မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် သာဂရ ကိုးပင်လမ်းတွင်းပိုင်း တစ်နေရာ KTV မှ ပြန်လာကြသော ဘဝသစ် ထောင်ဦးစီးအရာရှိ နှင့် ထောင်တန်းစီး ကိုယ်တိုင်မောင်းနှင်လာသော ကားအား လမ်းကြုံတာနဲ့ စစ်ဆေးရာ အတင်းမောင်းနှင်ထွက်ပြေးသွားသောကြောင့် •••••• MA5 အတိုတစ်လက် bx3 လက်ခံရရှိခဲ့ပါတယ်”လို့ သရက်ခရိုင်တပ်ရင်း (၅) တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
ဘ၀သစ်အကျဉ်းထောင်ဟာ ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်း (ယခင်အခေါ် ရဲဘက်စခန်း) ဖြစ်ပြီး ကိုးပင်-သာဂရလမ်းပိုင်း အနီးမှာရှိတာ ဖြစ်ပါတယ်။
လက်ရှိ သရက်ခရိုင်က မင်းတုန်းနဲ့ သရက်မြို့နယ်တွေမှာလည်း စစ်တပ်က စစ်ကြောင်းထိုး အင်အားဖြည့်တာတွေကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေမှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းတွေရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ဇွန်လ ၄ရက်မှာ ထုတ်ပြန်ထားပါတယ်။


















































