Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်၊​ ကျောက်ပြုတ်ရွာတွင်မဘသဘုန်းကြီးဦး​ဆောင်၍ ပျူ​​စောထီးများကိုစစ်သင်တန်း​ပေး​နေ

ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးရေဝတသည် ရေဝတအမည်ဖြင့် facebookသုံးပြီး လတ်တလောတွင် facebook ပရိုဖိုင်အား သော့ခတ်ထားသည်။

People's Spring
People's Spring

ကလေးမြို့ နယ်၊ကျောက်ပြုတ်ရွာတွင် မဘမဘုန်းကြီး
ကဦးဆောင်ကာ ပျူစောထီးများအား စစ်သင်တန်းပေးနေပြီး ယင်းလုပ်ရပ်ကို ကန့်ကွက်ကြောင်း ဒေသခံများကပြောသည်။

ကလေးမြို့တောင်ပိုင်းတွင်ရှိပြီး ပျူစောထီးအများအပြားရှိနေသည့် ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးပဥ္ဇင်း ဦးရေဝတက ဒေသခံများအား စည်းရုံးကာ စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” အဲ့ဒီ ဦးပဥ္ဇင်း မစိုးရိမ်ကျောင်းထွက်။ ဦးပဥ္ဇင်းဦးဆောင် ပြီးစစ်သင်တန်းပေးနေတာ။ရွာမှာ စကစ အထိုင်ချထားသလို ကျောင်းမှာလည်း တပ်စွဲထားတယ်။ အဲ့ဒီရွာကို ဖြတ်ရင် အစစ်အဆေးအရမ်းကြမ်းတယ်” ဟု ကလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးရေဝတသည် ရေဝတအမည်ဖြင့် facebookသုံးပြီး လတ်တလောတွင် facebook ပရိုဖိုင်အား သော့ခတ်ထားသည်။

Public Service Announcement

Public Service Announcement

” ကျောက်ပြုတ်ရွာက ပျုစောထီးရွာလို့ နာမည်ထွက်နေပြီ။ ဘုန်းကြီးက ဦးဆောင်နေတာကို။ ဒေသခံအချို့က မကျေနပ်ပေမယ့် မပြောရဲဘူး” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီသည် နိုဝင်ဘာလဆန်းမှစတင်ကာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည်။
နိုဝင်ဘာ ၂၅ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ပစ်သော လက်နက်ကြီးတစ်လုံး​ကြောင့် အရပ်သားတစ်ဦးထိ့မှန် ဒဏ်ရာရခဲ့သည်ဟုဒေသခံများကပြောသည်။

စစ်ကောင်စီကို အမြစ်ပြတ်အောင် တိုက်ခိုက်သွားမည်ဟု ကလေး PDF က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာကို အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူ ၁၀ဦး ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

သတင်း

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။