Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့နယ်၊​ ကျောက်ပြုတ်ရွာတွင်မဘသဘုန်းကြီးဦး​ဆောင်၍ ပျူ​​စောထီးများကိုစစ်သင်တန်း​ပေး​နေ

ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးရေဝတသည် ရေဝတအမည်ဖြင့် facebookသုံးပြီး လတ်တလောတွင် facebook ပရိုဖိုင်အား သော့ခတ်ထားသည်။

People's Spring
People's Spring

ကလေးမြို့ နယ်၊ကျောက်ပြုတ်ရွာတွင် မဘမဘုန်းကြီး
ကဦးဆောင်ကာ ပျူစောထီးများအား စစ်သင်တန်းပေးနေပြီး ယင်းလုပ်ရပ်ကို ကန့်ကွက်ကြောင်း ဒေသခံများကပြောသည်။

ကလေးမြို့တောင်ပိုင်းတွင်ရှိပြီး ပျူစောထီးအများအပြားရှိနေသည့် ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးပဥ္ဇင်း ဦးရေဝတက ဒေသခံများအား စည်းရုံးကာ စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” အဲ့ဒီ ဦးပဥ္ဇင်း မစိုးရိမ်ကျောင်းထွက်။ ဦးပဥ္ဇင်းဦးဆောင် ပြီးစစ်သင်တန်းပေးနေတာ။ရွာမှာ စကစ အထိုင်ချထားသလို ကျောင်းမှာလည်း တပ်စွဲထားတယ်။ အဲ့ဒီရွာကို ဖြတ်ရင် အစစ်အဆေးအရမ်းကြမ်းတယ်” ဟု ကလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးရေဝတသည် ရေဝတအမည်ဖြင့် facebookသုံးပြီး လတ်တလောတွင် facebook ပရိုဖိုင်အား သော့ခတ်ထားသည်။

Public Service Announcement

Public Service Announcement

” ကျောက်ပြုတ်ရွာက ပျုစောထီးရွာလို့ နာမည်ထွက်နေပြီ။ ဘုန်းကြီးက ဦးဆောင်နေတာကို။ ဒေသခံအချို့က မကျေနပ်ပေမယ့် မပြောရဲဘူး” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီသည် နိုဝင်ဘာလဆန်းမှစတင်ကာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည်။
နိုဝင်ဘာ ၂၅ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ပစ်သော လက်နက်ကြီးတစ်လုံး​ကြောင့် အရပ်သားတစ်ဦးထိ့မှန် ဒဏ်ရာရခဲ့သည်ဟုဒေသခံများကပြောသည်။

စစ်ကောင်စီကို အမြစ်ပြတ်အောင် တိုက်ခိုက်သွားမည်ဟု ကလေး PDF က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။

သတင်း

နှစ်သောင်းတန်ငွေစက္ကူအား ခရိုင်အတွင်းရှိ သုံးမြို့နယ်စလုံး၌ အသုံးပြုခွင့်မပေးကြောင်း ကလေးခရိုင် ပကဖက သတိပေးကြေညာထားခြင်းဟု ဆိုသည်။က​လေးခရိုင်တွင်က​လေး ၊က​လေးဝ ၊မင်းကင်းမြို့နယ်တို့ပါဝင်သည်။

သတင်း

စစ်ကောင်စီတပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြု​နေ​သော်လည်း ​ဒေသကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များထိခိုက်​သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူများက​ပြောသည်။

သတင်း

"နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ --ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်" ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။