Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တိုက်ပွဲ ထိခိုက်သေဆုံးသူတွေ လာသယ်တဲ့ စစ်တပ် ရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရ

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသ တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူတွေကို လာသယ်တဲ့ စစ်ကူရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဇွန်-၂၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသ တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူတွေကို လာသယ်တဲ့ စစ်ကူရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မနေ့က(ဇွန် ၂၃ ရက်)ညနေပိုင်းက စလေမြို့အခြေစိုက် အမှတ်(၄၁၆)ခြေမြန်တပ်ရင်း(ခမရ-၄၁၆)က တပ်သားတွေဟာ တညောင်တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ စစ်သားတွေကို သယ်ဖို့ ဧရာ၀တီမြစ်ကို ဖြတ်ပြီး ရေယာဉ် ၂စီး နဲ့ ဖြတ်ကူးစဉ် တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“၄ နာရီလောက်က ဖြစ်တာ။စက်လှေ ၂စီးနဲ့လာသယ်တာကို တော်လှန်ရေးအဖွဲ့တွေ တိုက်တာ။ကြားဖြတ်တိုက်တာ။တိုက်ခိုက်မှုကတော့ မိနစ်ပိုင်းလောက်ပဲ”လို့ စလင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းဆဲလို့ သူက အသိပေးပါတယ်။ဒေသခံတေယ်လှန်ရေးတပ်ဖွဲ့နဲ့ မင်းဘူးခရိုင်တပ်ရင်း တာ၀န်ရှိသူတွေကိုလည်း လူထုနွေဦးက ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စလင်းမြို့နယ်အထက်ပိုင်းက တညောင်ဒေသဟာ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ဖြစ်တဲ့ကပစ ( ၂၁နဲ့ ၂၅) အပါအ၀င် အမှတ် (၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာန ချုပ်(လစခ) တွေကို အဓိက ဓာတ်အားပေးတဲ့ဓာတ်အားခွဲရုံ ရှိပါတယ်။

“တညောင်ဓာတ်အားခွဲရုံ ဓာတ်အားလိုင်းတွေ ပြင်ဖို့ လုံခြုံရေးအတွက် ဆိပ်ဖြူဘက်ကနေ စစ်ကြောင်းထပ်တိုးတဲ့ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတာ။အသေးစိတ်အချက်အလက်တော့ မသိရသေးဘူး။ဒါပေမယ့် ဓားစားခံဖမ်းခံရတဲ့ ပြည်သူတွေရှိတယ်။သတ်ခံရတဲ့သူတချို့လည်း ရှိနေတယ်”လို့ စလင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းက တညောင်ဒေသအနီးက မကြီးစင် ကျေးရွာအနီးမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေကလည်း စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာကို စစ်တပ်က မီးရှို့ခဲ့ပြီး အသတ်ခံရတဲ့ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ စလင်း ပအဖက ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တာက ပခုက္ကူမြို့ တပ်မ(၁၀၁)လက်အောက်ခံ ခလရ (၂၅၃၊၂၅၄ နဲ့ ၂၅၅) တပ်ရင်းတွေလို့ ဆိုပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook