Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း စစ်တပ်ထိုးစစ် တပ်လန်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ထိုးစစ်ကို အောင်မြင်စွာ ဟန့်တားထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပါတယ်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး ချင်းတော်လှန်ရေးတပ် ရဲဘော်တွေ အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ - CJ)

ဇူလိုင် ၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ထိုးစစ်ကို အောင်မြင်စွာ ဟန့်တားထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပါတယ်။

ဇူလိုင် ၁ရက်ညပိုင်းမှာ ကျင်းပတဲ့ ချင်းညီနောင်အဖွဲ့ဝင် CPU ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်တွေအတွက် အရေးပေါ် ရံပုံငွေ ရတနာစျေးရောင်းပွဲမှာ ဆလိုင်းယောမာန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ရေး အခြေအနေ တစိတ်တပိုင်းကို အသိပေးလာတာပါ။

စစ်တပ်က ထိုးစစ်ဆင်လာလို့ မင်းတပ်နဲ့ ကန်ပက်လက်မြို့စတဲ့ CPU/CPAထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က မေလလယ်မှာ အင်အားထောင်ချီသုံး ထိုးစစ်ဆင်လာတာကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ် အာရက္ခတပ်တော်(AA)နဲ့ ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“အကုန်လုံးစုစုစည်းစည်းညီညီညွတ်ညွတ် ၀ိုင်းဝန်းတွန်းလှန်တိုက်ခိုက်ကြတာမှာ ကျနော်တို့ ထိုးစစ်ကို အောင်မြင်စွာ ဟန့်တားနိုင်ပါတယ်။ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဒီတရက်နှစ်ရက်အတွင်းမှာပဲ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ ကျနော်တို့ ဘယ်လိုမျိုးအောင်မြင်မှုတွေရနေတယ် ဘယ်လိုမျိုး ခုခံထားနိုင်တယ် မြေပြင်က ရဲဘော်တွေ ဘယ်လောက် ရဲဝံ့သတ္တိပြောင်မြောက်စွာ ကာကွယ်နေတယ်ဆိုတာပေါ့နော်။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်တပ် တပ်လှန်ကျသွားအောင် ဘယ်လို တိုက်ခိုက်ပြီးမှ ဘယ်လိုနယ်မြေတွေ ပြန်သိမ်းယူနိုင်တယ်ဆိုတာမျိုးကို တရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ဆလိုင်းယောမာန်က ပြောကြားပါတယ်။

ဒါပေမဲ့ တိုက်ပွဲဟာ ရက်ကြာမယ့်သဘောဖြစ်လို့ ရှေ့တန်းသာမက နောက်တန်းမှာပါ ၀ိုင်းဝန်းကူညီဖို့ အားစိုက်ထုတ်ဖို့ လိုအပ်ကြောင်း ဆလိုင်းယောမာန်ကအသိပေးပြီး စစ်ရှောင်တွေကို ကူညီဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို တိုက်လေယာဉ် Y12 လေယာဉ်တွေကို နေ့စဉ် အကြိမ်ပေါင်းများစွာ ဗုံးအလုံးရေများစွာ ပစ်ကူပေး တိုက်ခိုက်နေတာပါ။ လေကြောင်း ပစ်ကူပေး တိုက်ခိုက်နေပေမဲ့ မင်းတပ်၊ ကန်ပက်လက်ကို ချင်းတပ်က ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ လေကြောင်းက အပြင်းအထန် ထိုးစစ်ဆင်တာဟာ တိုက်ပွဲအတွင်း အထိနာလို့ ဖြစ်သလို မင်းတပ် ကန်ပက်လက်မြို့တွေကို ရအောင်ယူဖို့ ကြိုးပမ်းမှုလည်းဖြစ်တယ်လို့ ဒေသခံက ပြောပြထားပါတယ်။ စစ်တပ်က လေကြောင်း တိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် ပြည်သူနေထိုင်ရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အရပ်သား သေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ထားနိုင်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ရဲဘော်တွေနဲ့ မဟာမိတ်တွေကို လေးစားဂုဏ်ယူကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

Facebook