Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ် ကျေးရွာ ၁၆ ရွာက ပြည်သူ တစ်သောင်းကျော် တိမ်းရှောင်

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) စစ်ကြောင်းကြောင့် ပေါက်မြို့နယ်က ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(ထွက်ပြေးတိမ်းရှောင်လာရသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-ပေါက်လူသားစာနာဌာန)

​ဇူလိုင် ၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) စစ်ကြောင်းကြောင့် ပေါက်မြို့နယ်က ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တပ်မ (၁၀၁)က အင်အား (၅၀၀) နီးပါးပါဝင်တဲ့ စစ်ကြောင်းဟာ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာတွေကိုဖြတ်သန်းကာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကစတင်ပြီး ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ယာယီထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာပေါင်း (၁၆) ရွာမှ အိမ်ထောင်စု (၂,၀၆၄) စု၊ စုစုပေါင်း လူဦးရေ (၁၀,၁၇၁)ဦး ကျော်ဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲ အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ မြို့နယ် လူသားစာနာဌာနက ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ရွာထဲ စစ်ကြောင်းဝင်နေလို့ တစ်ရွာလုံးရှောင်နေရပြီ။ ခုဝင်နေတဲ့ရွာက တလောလေးက လေယာဥ်ပစ်ချခံရတဲ့နေရာနဲ့ သိပ်မဝေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

​လတ်တလော စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး ကူညီလှူဒါန်းလိုသူတွေအနေနဲ့ နီးစပ်ရာ နယ်မြေခံတာဝန်ရှိသူတွေ၊ ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးကြဖို့ ပေါက်မြို့နယ် လူသားစာနာဌာနက မေတ္တာရပ်ခံထားပါတယ်။

အဲဒီစစ်ကြောင်းဟာ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ပေါက်မြို့နယ် ရေပြာရွာဘက်နဲ့ စက်မှု (၂)ဘက်ကို လည်းသွားလာနိုင်တယ်လို့ ယူဆရတဲ့အတွက် အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ ပြည်သူတွေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က နှိုးဆော်ပါတယ်။စစ်ကြောင်းဟာ မြစ်ခြေမြို့ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄၀ ကျော်ကို သ​တ်ဖြတ်ကာ မြိုင်မြို့နယ်ဘက်မှလည်း စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထက်မနည်း သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook