Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဥ်း ၁၅ ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ၃ ဦး တိုက်ပိတ်ခံထားရ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

(မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇူလိုင် ၁၀၊ ၂၀၂၆ ။ဟာနာဆန်/People’s Spring

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ရက်က အိုးဘိုထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဥ်းသားတွေရဲ့အိပ်ဆောင်ကိုဝင်ပြီး နိုင်​ကျဥ်းတွေရဲ့ပါဆယ်တွေကို အဓမ္မယူဆောင်တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလုပ်ရပ်အပေါ် မကျေနပ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောက်ပြပြောဆိုတဲ့အခါ ယင်းနိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက စစ်ကြောရေးမှာ စစ်မေးခဲ့တဲ့ ပုံစံအတိုင်း အပြင်းအထန် ရိုက်နှက်တာ၊ လက်သီးနဲ့ ထိုးတာတွေ ပြုလုပ်ခဲ့ကြောင်း AFCC က ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုင်ငံရေးအကျဥ်းသား ၃ ဦးကို ၅လတိုက်ပိတ်ခဲ့ပြီး ကျန်အကျဥ်းသား​တွေကို အခန်းပြောင်းကာ စောင့်ကြည့်အနေအထားနဲ့ ထားခဲ့ကြောင်း၊ အခန်းပြောင်းအကျဥ်းသားတွေကို ထောင်ဝန််ထမ်းတွေက မဆူဖို့စည်းရုံးပြီး လက်မခံတာကြောင့် ထပ်မံရိုက်နှက်ခဲ့တယ်လို့ AFCC က ဆိုပါတယ်။

အဲဒီ​ဖြစ်စဥ်မှာ နိုင်ငံရေးအကျဥ်းသားတွေကိုသာ ပစ်မှတ်ထားပြုလုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း နိုင်ငံရေးအကျဥ်းသား ၁၅ ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ AFCC က အသိပေးပါတယ်။

လက်ရှိ အိုးဘိုထောင်အတွင်းမှာ ဆေးဝါးမလုံလောက်မှုတွေရှိနေပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ကျန်းမာရေးအခြေအနေ ဆိုးရွားလျက်ရှိကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပစ်မှတ်ထားတဲ့ ထောင်တွင်းအကြမ်းဖက်မှုဖြစ်ပြီး ထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေတာဖြစ်ကြောင်း၊ AFCC အနေနဲ့ ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အိုးဘိုထောင် အာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်တာတွေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ​အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အထက်ပါအဖွဲ့ကို ဆက်သွယ်မေး​​​​မြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက် နှိပ်စက်တာ၊ ထောင်ဝင်စာပိတ်တာ၊ ဆေးဝါးကုသခွင့်မပေးတာ၊ ထောင်​ပြောင်းရွှေ့တာတွေ မကြာခဏ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဥ်းသား ကူညီသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။