Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်နယ် ထောက်ရှာပင်ရွာ စစ်တပ်မီးရှို့ရာ နေအိမ် ၅၀ နီးပါး ပြာကျ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

(မီးရှိူ့ခံခဲ့ရသော ထောက်ရှာပင်ကျေးရွာက နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံံ-ပေါက် လူသားစာနာဌာန)

ဇူလိုင် ၁၄၊ ၂၀၂၆ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မနေ့က ဇူလိုင် ၁၃ ရက်မှာ ပေါက်မြို့နယ် ဇုန် -၇ နယ်မြေ ထောက်ရှာပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး နေအိမ် ၄၇ လုံး၊ Transformer ၁လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ပြန်လည်ထွတ်ခွာသွားပေမယ့် နင်းမိုင်းတွေထောင်ထားခဲ့လို့ ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ခြင်း မရှိ​သေးကြောင်း အထက်ပါဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ထောက်ရှာပင်ရွာမှာ နောက်ချန်အင်အားမရှိတော့ဘူးလို့ ယူဆရပါတယ်။ထောက်ရှာပင်ရွာက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ကန်နက်ရွာနဲ့ လက်ခုပ်ပင်ရွာက နေအိမ်အချို့ကိုလည်း မနေ့ညပိုင်းက မီးရှို့ဖျက်ဆီးတယ်ဘို့ သိရပြီး အိမ်ခြေဘယ်လောက်ရှို့တယ်လို့ အတိအကျ မသိရသေးပါဘူး”လို့ အညာမြေ အရပ်ဖက် အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထောက်ရှာပင်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ် ၂၀ ရက်ကလည်း မီးရှို့ဖျက်ဆီးခံရဖူးပြီး နေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ နေအိမ်မီးရှို့ခံရပြီးနောက်မှာလည်း ယာယီပြန်လည်ဆောက်လုပ်နေထိုင်တဲ့ နေအိမ် ၄ လုံးလည်း ထပ်မံမီးရှို့ခံရတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဇုန်- ၇ နယ်မြေကကျေးရွာ ၉ရွာမှ အိမ်ထောင်စု ၁၅၀၅ စု ၊ လူဦးရေ ၇၀၀၀ ခန့်ဟာ နှစ်ပတ်ကျော်ကြာ စစ်ဘေးရှောင်နေရပြီး မီးဘေးသင့် အိမ်ထောင်စုတွေနဲ့ စစ်ရှောင်တွေအတွက် နိုင်ရာ ကူညီ လှူဒါန်းပေးစေလိုကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook