Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ပိုင်ချဲက ကင်း​စောင့်​နေတဲ့ပျူတဦးကို ကွမ်းစားမလား​မေးပြီး အနီးကပ်ပစ်ခတ် သေနတ်သိမ်းယူ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

Screenshot

ဇူလိုင်-၂၄၊၂၀၂၆၊ကတ်သရင်းနှင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

ဇူလိုင်လ၂၄ ရက်နေ့၊ဒီနေ့မနက်ပိုင်းမှာ ဇာဒီပျူရွာ အနောက်ဘက်မှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်းယာစားဦးမလားလို့ မေးပြီး ကွမ်းယာသွား ပေးရင် ပစ္စတို နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။ပစ်ခံရတဲ့ပျူစောထီး သေဆုံးသွားပြီး ၎င်းကိုယ်ဆောင်ထားတဲ့ G3တလက်ကို ကိုင်ကာ ကင်းတဲ ပေါ်က နေ ဗိုလ်ပိုင်ချဲအေး အေးလူလူဆင်းလာတာကို တွေ့ရပါတယ်။

“ပျူရွာပဲ။သူတို့ရွာအနောက်ဘက်ကို ကင်းစောင့်နေတာ ဝင်ပစ်ပြီးတော့ယူလာတာပဲ”လို့ ဗိုလ်ပိုင်ချဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇာဒီပျူရွာဟာ စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးရွာဖြစ်ပြီး စစ်သားနဲ့ပျူအင်အား၄၀ ခန့်ရှိတယ်လို့ ဗိုလ်ပိုင်ချဲက ပြောပါတယ်။

ဇူလိုင်လ၂၁ရက် နေ့ကလည်း ဇီးကုန်းမြို့မှာ ရဲနဲ့ပျုစောထီးတဦးပစ်သတ်ခံရပြီး လက်နက်နှစ်လက်ကို တော်လှန်ရေး တပ် တွေသိမ်း နိုင်ခဲ့ပါတယ်။

ကန့်ဘလူမြို့နယ်၊ဇီးကုန်းရဲစခန်းကို ၂၀၂၅ စက်တင်ဘာလကထိုးစစ်ဆင်သိမ်းယူစဥ် ရဲအရာရှိ ဇနီး ကိုယ်ဝန်​​ဆောင်သည်ဟာကြောက်ရွံ​နေစဥ် ဗိုလ်ပိုင်ချဲက မ​ကြောက်ဖို့​ပြောရင်း ကိုယ်ဝန်​ဆောင်သည်အတွက် ​စောင်ယူလာ​ပေးဖို့ ရဲ​ဘော်​တွေကို​ပြောခဲ့တဲ့ ရုပ်သံမှတ်တမ်း ​ကြောင့် ဗိုလ်ပိုင်ချဲဟာ လူသိပိုများလာခဲ့ပါတယ် ။ ၂၀၂၅ ခုနှစ်မှာကန့်ဘလူ နဲ့​ရွှေဘိုမြို့နယ်အတွင်းစစ်တပ်စစ်​ကြောင်း​တွေပျက်​အောင်​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်ခဲ့တာမှာ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်း နဲ့အတူ ဗိုလ်ပိုင်ချဲလည်းပါဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။